ဟောင်ကောင်အုပ်ချုပ်ရေးမှူး

July 5, 2019

ဟောင်ကောင်အုပ်ချုပ်ရေးမှူး၏ တွေ့ဆုံရန် ကမ်းလှမ်းချက်ကို ကျောင်းသားသမဂ္ဂ ပယ်ချ

ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်ရဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တယ်လို့ နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇူလိုင် ၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က တံခါးပိတ် တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ ကျောင်းသားတွေကို ကမ်းလှမ်းထားပါတယ်။ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ ဂျက်ကီက အဲဒီလို ကမ်းလှမ်းတာကို ရိုးသားမှုမရှိဘဲ   လူမြင်ကောင်းအောင် လုပ်တဲ့ပွဲဆိုပြီး ယူဆတယ်လို့ ပြောပါတယ်။ ဒါကြောင့် အဲဒီလို တံခါးပိတ်ဆွေးနွေးဖို့ ဖိတ်ခေါ်တာကို ချက်ချင်း လက်မခံသင့်ဘူးလို့ ပြောခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌကတော့ ကျောင်းသားတွေဟာ တောင်းဆိုချက် ၅ ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ကယ်ရီလမ်အနေနဲ့ အမှန်တကယ် ဆွေးနွေးလိုရင် အဲဒီ ၅ ချက်ကို အရင်ဆုံး ထည့်သွင်းစဉ်းစားဖို့ လိုတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုမှာ ဟောင်ကောင်ပြည်သူအားလုံးကို ပါဝင်ခွင့်ပြုရမှာဖြစ်ပြီး အားလုံးကို ပြောဆိုခွင့်ပေးရမယ်လို့ ဟောင်ကောင်ကျောင်းသားသမဂ္ဂက ဖေ့စ်ဘွတ်ခ်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2 years Ago

June 14, 2019

"ဟောင်ကောင်အပေါ် ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရက်မှာလဲ" - အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဇွန်လ ၁၂ ရက်နေ့ ရုပ်သံမေးမြန်းတခုမှာ "ဟောင်ကောင်အပေါ် ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရက်မှာလဲ" လို့ မျက်ရည်လည်ရွဲနဲ့ ပြောလိုက်ပါတယ်။ ကယ်ရီလမ်းက ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ လူငယ်အများအပြား ပါဝင်နေတာကို မြင်တွေ့ရလို့ စိတ်ပူမိတယ်လို့ ပြောပါတယ်။ ဟောင်ကောင်ဟာ ငြိမ်းချမ်းမှုနဲ့ ဆင်ခြင်တုံတရားကို အစဉ်သဖြင့် ထောက်ခံတဲ့ နေရာဖြစ်တယ်လို့လည်း ကယ်ရီလမ်းက ဆိုပါတယ်။ ဆက်လက်ပြီး သူက “တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းဟာ အငြင်းပွားဖွယ် ဖြစ်တယ်ဆိုတာ သံသယမရှိဘူး။ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ရှင်းပြတာနဲ့ အပြန်အလှန် ပြောဆိုဆက်ဆံတာက အထောက်အကူဖြစ်ပေမယ့် စိုးရိမ်စိတ်နဲ့ အငြင်းပွားမှုကို အပြီးတိုင် ဖယ်ရှားနိုင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။ တချို့က သူ့ကို ဟောင်ကောင်အပေါ် သစ္စာဖောက်တယ်လို့ ပြောပေမယ့် သူဟာ ဟောင်ကောင်မှာ မွေးဖွားကြီးပြင်းလာတဲ့အတွက် ဘယ်လိုလုပ် သစ္စာဖောက်ရက်မှာလဲလို့ ကယ်ရီလမ်းက ဆိုပါတယ်။ ဒါ့အပြင် ကယ်ရီလမ်းက သူ့နေရာဟာ ပုဂ္ဂိုလ်ရေး အနစ်နာခံမှု အများအပြား လိုအပ်တယ်လို့လည်း ပြောပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဖြစ်လာတာက သူ့ဘဝကို ဟောင်ကောင်အတွက် ပေးဆပ်လိုက်တဲ့ အဓိပ္ပာယ် ဖြစ်တယ်လို့ ကယ်ရီလမ်းက ရုပ်သံအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
2 years Ago
More News
Up