ဟောင်ကောင်

October 5, 2019

ဟောင်ကောင်အရေးပေါ်ဥပဒေ ကြေညာပြီးနောက် ဆန္ဒပြသူများ ရထားဘူတာရုံများကို ဖျက်ဆီး

ဗြိတိသျှ ကိုလိုနီလက်ထက်က ကျင့်သုံးခဲ့တဲ့ အရေးပေါ်အခြေအနေ ဥပဒေကို  ပြဋ္ဌာန်းလိုက်ပြီလို့ ဟောင်ကောင်အစိုးရ ကြေညာပြီးနောက်မှာ အောက်တိုဘာ ၄ ရက်က ဆန္ဒပြသူတွေဟာ မြေအောက်ရထားဘူတာရုံ လက်မှတ်ဖြတ်စက်တွေကို ဖျက်ဆီးခဲ့ပါတယ်။  ဟောင်ကောင် ဆန္ဒပြသူတွေဟာ  ရှားတင် မြေအောက်ရထားဘူတာရုံက လက်မှတ်ဖြတ်စက်တွေနဲ့ ရေဖြန်းစက်တွေကို ဖျက်ဆီးခဲ့သလို   လုံခြုံရေးကင်မရာတွေကို စပရေးတွေနဲ့ ဖြန်းခဲ့ပါတယ်။   ဟောင်ကောင်ဒေသမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အရေးပေါ် အခြေအနေ ဥပဒေကို  ပြဋ္ဌာန်းလိုက်ပြီလို့ အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က အောက်တိုဘာ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။  အရေးပေါ်အခြေအနေ ဥပဒေအရ  ၄ လကြာ ဆန္ဒပြပွဲအတွင်း ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်တဲ့ မျက်နှာဖုံးတပ်ခွင့်တားမြစ်မိန့်ကို  အုပ်ချုပ်ရေးမှူးချုပ် လမ်ဟာ ပြဋ္ဌာန်းလိုက်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago

July 28, 2019

ဟောင်ကောင်တွင် ရာဇဝတ်ဂိုဏ်းတိုက်ခိုက်မှုကို ဆန့်ကျင်ဆန္ဒပြ

ဟောင်ကောင်မှာ လတ်တလောကြုံတွေ့ခဲ့တဲ့ ရာဇဝတ်ဂိုဏ်း တိုက်ခိုက်မှုကို ဆန့်ကျင်ပြီး ဇူလိုင် ၂၇ ရက်က ယွဲ့လောင်မြို့ထဲမှာ လူထောင်ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ လျှို့ဝှက်ရာဇဝတ်ဂိုဏ်းဝင်တွေလို့ သံသယရှိသူတွေက ဘူတာရုံမှာ ဆန္ဒပြသူတွေနဲ့ လမ်းသွားလမ်းလာတွေကို တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်သူတွေ လက်ကနေ ပြည်သူတွေကို ကာကွယ်ဖို့ ပျက်ကွက်လို့ ရဲတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပါတယ်။ ဆန္ဒပြသူတွေရဲ့ ချီတက်ပွဲကိုခွင့်ပြုဖို့ ရဲတွေက ငြင်းခဲ့ပါတယ်။ ဒါပေမယ့် ထောင်ချီတဲ့ ဆန္ဒပြသူတွေက ရဲတွေရဲ့ ငြင်းပယ်ချက်ကိုအာခံပြီး အစောပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ပါတယ်။ ဒါပေမယ့် ဟောင်ကောင်နွေ အပူချိန်အောက်မှာ ရဲနဲ့ ဆန္ဒပြသူတွေ နေရာအတော်များများမှာ ထိပ်တိုက်တွေ့အပြီး တင်းမာမှု တိုးလာနေပါတယ်။ ဆန္ဒပြသူတွေက လမ်းတွေကို ထီးတွေ ပရိဘောဂတွေနဲ့ ပိတ်ဆို့ထားပြီး ရဲတွေကို ကျောက်ခဲတွေ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဆန္ဒပြလူစုကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ ရာဘာကျည်ဆန်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
2 years Ago
More News
Up