သေဆုံးမှု ပြည်သူများ ကြောက်ရွံ့နေ

December 6, 2017

ဟူသီစစ်သွေးကြွ လက်ချက်ကြောင့် ယီမင်သမ္မတဟောင်း သေဆုံးမှု ပြည်သူများ ကြောက်ရွံ့နေ

ဟူသီစစ်သွေးကြွတွေ လက်ချက်နဲ့ ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူ-ဆယ်လာ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မြို့တော် ဆာနားရှိ ပြည်သူတွေ ကြောက်ရွံ့နေကြပါတယ်။ မြို့တော်ဆာနားမှာ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်သွားပေမယ့် ပဋိပက္ခတွေ ပြန်ဖြစ်လာမှာ  ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆာနားမြို့ခံတဦးက CCTV သတင်းဌာနကို ပြောခဲ့ပါတယ်။ ပထမတော့ သမ္မတဟောင်း ဆယ်လာရဲ့ပါတီက သမ္မတဟောင်း သေဆုံးမှုကို ငြင်းဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ ပါတီရော ပြည်သူတွေကပါ သမ္မတဟောင်း သေဆုံးတာကို ထိတ်လန့်မိတယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ ဆာနားမြို့ခံ အိုစမာက ပြောခဲ့ပါတယ်။ ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူ-ဆယ်လာဟာ သူ့ရဲ့ မဟာမိတ်ဟောင်း ဟူသီသူပုန်တွေ လက်ချက်နဲ့ သေဆုံးခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up