လှောင်အိမ်ထဲ

September 30, 2017

လှောင်အိမ်ထဲ လက်သွားထည့်သည့် ရက်ဂ်ဘီဘောလုံးကစားသမား ခြသေ့င်္ကိုက်ခံရ (ရုပ်သံ)

ဝေးလ် အင်တာနေရှင်နယ်ရက်ဂ်ယူနီယမ်အသင်းရဲ့ ကစားသမား စကော့တ်ဘယ့်လ်ဒ်ဝင်း ခြင်္သေ့လှောင်အိမ်ထဲ လက်သွားထည့်တာကြောင့် ခြင်္သေ့ကိုက်ခံခဲ့ရတယ်လို့ အသင်းရဲ့ အကြီးအကဲဖြစ်သူ စတိ့ဗ်တန်ဒီက ပြောလိုက်ပါတယ်။ “ခြင်္သေ့နဲ့ မတော်တဆမှုဖြစ်တယ်။ မျှမျှတတပြောရရင်တော့ ခြင်္သေ့ကို ဘာမှ လုပ်စရာ အကြောင်းမရှိပါဘူး” လို့ အသင်းခေါင်းဆောင် တန်ဒီက ပြောပါတယ်။ အိမ်ရှင် ချီးတက်စ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် စကော့တ်ဘယ့်လ်ဒ်ဝင်းတို့ရဲ့ အသင်း ပွဲစဉ်မတိုင်ခင် တောင်အာဖရိကနိုင်ငံ မြို့တော် ဘလူးမ်ဖွန်တိန်မြို့ပြင်ဘက်ရှိ  ဝယ်တက်ဗ်ရီဒီ အမဲလိုက်ကမ့်ပ်ကို စကော့တ်တို့ ဘောလုံးအသင်းလိုက် ခရီးထွက်ချိန်မှာ ဒီလိုခြင်္သေ့ကိုက်ခံခဲ့ရတာလို့ သိရပါတယ်။ ခရီးသွားခဲ့တဲ့ လူအားလုံးကို ခြင်္သေ့သားရဲတွင်းတွေထဲ သူတို့ရဲ့ လက်တွေ မထည့်ဖို့ အကြိမ်ပေါင်းများစွာ သတိပေးခဲ့တယ်လို့ အသင်းခေါင်းဆောင် တန်ဒီရဲ့ အပြောအရ သိရပါတယ်။ စကော့တ်ရဲ့လုပ်ရပ်က အတော်ကို မိုက်မဲတယ်လို့ တန်ဒီက ပြောပါတယ်။ “ဒါက ကျနော်ပါဝင်ပတ်သက်ဖူးသမျှထဲမှာ အမိုက်မဲဆုံးတခု ဖြစ်ကောင်း ဖြစ်မယ်၊ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ သူ အဆင်ပြေပါတယ်။ နောက် ၂ ပတ်လောက်ရောက်ရင် သူ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။
4 years Ago
Up