လှေစီးဒုက္ခသည်အရေး ဒေသတွင်းနိုင်ငံများ ပူးပေါင်းအဖြေရှာရန် အမေရိကန်တိုက်တွန်း

May 27, 2015

လူမှောင်ခိုတင်စက်လှေသား အယောက် ၂၀ ကို ဖမ်းဆီးအရေးယူ

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး ဖမ်းမိထားတဲ့ လူမှောင်ခိုတင်စက်လှေသား အယောက် ၂၀ ကို ဘူးသီးတောင်အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး ကျွန်ရောင်းဝယ်မှုနဲ့ တရားစွဲဆို စစ်ဆေးနိုင်ဖို့ ရဲက ချုပ်ရက် ရမန်ယူထားပါတယ်။ မေ ၂၁ ရက်က ဖမ်းမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ လောက် တင်ဆောင်မောင်းနှင်လာတဲ့ လှေသမားတွေကို မောင်တောမြို့ တရားရုံးမှာ ပုဒ်မ ၂ ခုတပ်ပြီး ချုပ်ထားတာလို့ မောင်တောမြို့၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။ “စစ်ဆေးရဦးမယ်၊ စစ်ဆေးပြီးမှပဲ ဥပဒေတွေဘာတွေတပ်မယ်။ ဒါပေမယ့် လောလောဆယ် အကြမ်းအားဖြင့် ပုဒ်မ တခု၊ နှစ်ခုတော့ တပ်ထားတာပေါ့။ ပြစ်မှုဆိုင်ရာဥပဒေ ၃၆၇ (ကျွန်ပြုခံစေရန်လူကိုခိုးမှု) ပုဒ်မ ၃၇၁၊ (ကျွန်ရောင်းဝယ်မှု) တပ်ထားတယ်၊ ရာဇသတ်ကြီးကို စတင်ရေးခဲ့တဲ့အချိန်တုန်းက လူကုန်ကူးလို့ မရှိသေးဘူးလေ၊ ကျွန်အရောင်းအ၀ယ်လို့ ရေးထားတယ်။ အခုခေတ်တော့ လူကုန်ကူးပေါ့။” အခု ဖမ်းချုပ်ထားတဲ့ စက်လှေသမား အယောက်၂၀ မှာ တနင်္သာရီတိုင်းက ၁၅ ယောက်နဲ့ အများစုပါဝင်ပြီး ကျန် ၅ ယောက်က ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရသတင်းအရ အဲ့ဒီစက်လှေပိုင်ရှင်ဟာ ထိုင်းနိုင်ငံ၊ ရနောင်းမှာနေတဲ့ ထိုင်းလူမျိုး တယောက် ပိုင်တာဖြစ်ပြီး ရိက္ခာပို့စက်လှေကတော့ မြိတ်မြို့က ကိုခိုင်ဆိုသူ ပိုင်တာလို့ သိရပါတယ်။ လူမှောင်ခိုကူးခံရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၂၀၀ ကတော့ လတ်တလော မြန်မာပြည်ဘက်ခြမ်း တောင်ပြိုမှာရှိနေပြီး ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်က နိုင်ငံသား စိစစ်နေ တယ်လို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့နိုင်ငံသား မဟုတ်ဘူးလို့ ငြင်းဆိုပြီး ပြန်လက်မခံရင် ဘယ်လို လုပ်မလဲလို့မေးမြန်းရာမှာ “ဒါက နိုင်ငံတကာဥပဒေအတိုင်းသွားမှာပါ။ ကုလသမဂ္ဂအထူးသံ နမ်ဘီးယားရှေ့မှာတင် သူတို့ကိုယ်သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ သူတို့ကိုယ်နှိုက် ဖွင့်ဟ ၀န်ခံပြီးပြီ။ နောက်တခုက ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် သွားမေးတော့လဲ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ သူတို့ ပြောပြီးပြီ။ သူတို့ လိပ်စာတွေလည်း ပေးပြီးပြီ” လို့ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စက်လှေသားအယောက် ၂၀ ကို လူမှောင်ခိုကူးတဲ့ ပုဒ်မနဲ့ ဖမ်းဆီး ချုပ်နှောင်ထားတာကလွဲပြီး ခုချိန်ထိ တခြား ဆက်စပ် ဖမ်းဆီးထားသူတွေ မရှိသေးဘူးလို့လည်း ပြည်နယ်အစိုးရ အတွင်းရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။ လွန်ခဲ့တဲ့ မေလ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဥဒေါင်း အနောက်ရွာအနီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ယောက် ရေမျောကမ်းတင် ရောက်ရှိလာလို့ မြန်မာဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေနဲ့ ပြန်ပို့ပေးခဲ့ရပါသေးတယ်။ ကပ္ပလီပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်တွေ ထောင်နဲ့ချီ သောင်တင်နေကြတယ်ဆိုတဲ့ ဒေသတွင်းသတင်းတွေ ထွက်ပေါ်နေပြီနောက် မြန်မာ့ပင်လယ်ပြင်မှာ အခုလို လူမှောင်ခိုလှေ တစီး ပထမဆုံး ဖမ်းမိတာပါ။
6 years Ago

May 23, 2015

လှေစီးဒုက္ခသည်များကို ငွေကြေးအကူညီ ပေးမည်ဟု အမေရိကန်ပြော

လှေစီးဒုက္ခသည်​တွေကို ငွေရေးကြေးရေး ကူညီ​ပေးသွားမယ်လို့ အ​မေရိကန်ဒုတိယနိုင်ငံခြား​ရေးဝန်ကြီးက​ပြောပါတယ်။ မြန်မာနိုင်ငံကို ဇွန်လ ၂၁ ရက်နဲ့ ၂၂ ရက်​နေ့​ ၂ ရက်တာခရီးစဉ်အဖြစ် ​ရောက်ရှိလာပြီး သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့​တွေ့ဆုံခဲ့တဲ့ အ​မေရိကန် ဒုတိယနိုင်ငံခြား​ရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မ​နေ့က ရန်ကုန်မြို့၊ အမေရိကန်စင်တာမှာ သတင်းထောက်​တွေနဲ့ တွေ့ဆုံစဉ် ​ပြောဆိုလိုက်တာပါ။ အန်တိုနီ ဘလင်ကန်က "ပင်လယ်ထဲ မျောပါနေတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဒေသတွင်းပဋိပက္ခတွေကြောင့် စွန့်ခွာလာရသူတွေဖြစ်ပြီး သူတို့တွေရဲ့ အစားအသောက်နဲ့ အခြေချနေထိုင်ရေးမှာ အမေရိကန်အစိုးရက ငွေရေးကြေးရေးပိုင်းက ကူညီ ထောက်ပံ့မှုတွေ ပေးသွားပါမယ်။ ဒီလူ​တွေရဲ့ အသက်တွေကို ကယ်ဆယ်ဖို့ ဒေသတွင်းနိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုက ကူညီပါမယ်။ ဒါက ကျနော်တို့ရဲ့ ပထမဦးစားပေးအရာ ဖြစ်ရမှာပါ။" ဒုက္ခသည်တွေဟာ နိုင်ငံရေးနဲ့ လူမှူ​ရေးအကျပ်အတည်းတွေကြောင့် ရခိုင်ပြည်နယ်က ထွက်ပြေးလာရသူတွေ ပါဝင်နေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ဆက်​ပြောပါတယ်။ ​အန်တိုနီ ဘလင်ကန်က "မနေ့က အစိုးရနဲ့ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ မှတ်သားခဲ့ရတာက မြန်မာနိုင်ငံက စွန့်ခွာလာကြသူတွေအတွက် ပြဿ  နာရဲ့ ရင်းမြစ်က ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ လူမှုရေး အခြေခံအနေအထားကြောင့်ပဲဖြစ်တယ်။ ရေရှည်အသုံးပြုနိုင်မယ့် အဖြေတစ်ခုကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရအနေနဲ့ အရင်က သူတို့ ပေးခဲ့တဲ့ ကတိပြုချက်တွေဖြစ်တဲ့ နေထိုင်မှုအခြေအနေတွေကို မြှင့်တင်ပေးဖို့၊ ကာကွယ်စောင့်ရှောက်မှုအပြည့်အ၀ပေးဖို့၊ လူအသိုင်းအ၀န်းအားလုံးရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို နိုင်ငံတကာစံနှုန်းများနဲ့အညီ ရခိုင်ပြည်နယ်မှာ မဖြစ်မနေ ဖော်ဆောင်ပေးရမှာဖြစ်တယ်" လို့ ပြောပါတယ်။ အမေရိကန်အစိုးရက ရခိုင်ပြည်နယ်တွင်း တိုးတက်ကောင်းမွန်လာဖို့ အဲဒီ​ဒေသမှာရှိ​နေတဲ့ လူ့အဖွဲ့အစည်းတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ညီတူညီမျှ ပေးသွားမယ်လို့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းကလည်း ရခိုင်ပြည်နယ် အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အမေရိကန်အစိုးရက ဒေါ်လာ ၁၀၉ သန်း ကူညီထောက်ပံ့ ထားတယ်လို့ ဆိုပါတယ်။ photo Hmuu Zawမေလ ၂၁ ရက်နေ့ည က နေပြည်တော်မှာ ကျင်းပတဲ့ ပင်လယ်ပြင်အတွင်း တရားမ ၀င် ရွှေ့ပြောင်း သွားလာသူများ ဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေး ကော် မတီ ညှိနှိုင်း အစည်းအဝေး အပြီးမှာ ကော်မ တီခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဒုသမ္မတ ဦးဉာဏ်ထွန်း က လှေစီးဒုက္ခ သည်တွေထဲ မှာ မြန်မာနိုင်ငံက နည်းပါးတဲ့ အရေအတွက် ပါဝင်ကောင်း ပါဝင်နိုင်ပေမယ့် အများစုဟာ မိမိတို့နိုင်ငံက မဟုတ်ဘူးလို့လည်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ထားပါတယ်။
6 years Ago
More News
Up