လှေစီးဒုက္ခသည်အများစု မြန်မာပြည်က မဟုတ်ဟု ဒုသမ္မတ ယတိပြတ်ငြင်းဆို

May 31, 2015

လှေစီးပြေးရင်းမြစ် မြန်မာမဟုတ်ဟုဆို

ကပ္ပလီပင်လယ်ပြင်ထဲမျောပါနေတဲ့ လှေစီးဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံကမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတခုကသာဖြစ်ကြောင်း နိုင်ငံတကာသိအောင်ပြောကြားနိုင်ခဲ့တယ်လို့ ဘန်ကောက်လှေစီးစည်းဝေးပွဲတက်ခဲ့တဲ့ မြန်မာအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ မေလ ၂၉ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ လှေစီးအရေးစည်းဝေးပွဲကို ခေါင်းဆောင်တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက လှေစီးပြေးအများစုရဲ့ ရင်းမြစ်ဟာ မြန်မာမဟုတ်ကြောင်းနဲ့ လှေစီးဒုက္ခသည်တွေကို လက်ခံထားတာလည်း ယာယီသာဖြစ်တယ်ဆိုတဲ့ ရလဒ် ၂ ခုရရှိအောင် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့တာပါ။ မေ ၂၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ပုံမှန်မဟုတ်ဘဲ ပြောင်းရွှေ့နေတဲ့ သူတွေအရေးအစည်းအဝေးမှာ နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ)၊၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာအဖွဲ့ (ယူအန်အိုဒီစီ) နဲ့  နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်) က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ လှေစီးဒုက္ခသည် ၁၀၀၀ လောက် ယာယီစောင့်ရှောက်ထားရပြီး အများစုဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်ပါတယ်။ ဓာတ်ပုံ - MOI [gallery ids="95067,95066,95065,95062,95063,95064"]
6 years Ago

May 29, 2015

ပင်လယ်ပြင် လှေစီးဒုက္ခသည်များကို ကယ်တင်ရေး မလေးရှား စတင်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ပြောင်းရွှေ့အခြေချသူတွေကို ရှာဖွေကယ်တင်ဖို့အတွက် မလေးရှားရေတပ်က မေ ၂၈ ရက်နေ့စတင်ပြီး မလေးရှားရေပိုင်နက်ထဲမှာ ကင်းလှည့်သွားမယ်လို့ ရေတပ်ဦးစီးချုပ် ဇိုင်နွမ် အာမက်က ပြောပါတယ်။ မလေးရှား ရေတပ်ဦးစီးချုပ်က “မလေးရှားအစိုးရက ၀င်လာတဲ့ လှေတွေကို လက်ခံသွားမယ်။ ဒါပေမယ့် မလေးရှားရေတပ်သင်္ဘောတွေက အကြောင်းကြားတဲ့အတိုင်းဆိုရင် မလေးရှား ရေပြင်ကနေ ၃ မိုင်အကွာ ထိုင်းရေပြင်မှာပဲ ရှိနေသေးတယ်” လို့ ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က ပြောပါတယ်။ ဒီလအတွင်း မလေးရှားနဲ့ အင်ဒိုနီးရှားကို ကမ်းခြေတွေဆီ ဆိုက်ရောက်ခဲ့တဲ့ ပြောင်းရွှေ့ အခြေချသူ ၃၀၀၀ ကျော် ရှိပါတယ်။ ထိုင်းမြေပေါ်မှာ လူကုန်ကူးတဲ့ လမ်းကြောင်းတွေကို အာဏာပိုင်တွေက ပိုက်စိပ်တိုက် ရှာဖွေ ဖော်ထုတ်ေ်နတာကြောင့် တရားမ၀င် ပြောင်းရွှေ့အခြေချသူတွေဟာ ပုံမှန်အတိုင်း ထိုင်းကမ်းခြေတွေကို ကြားစခန်းအဖြစ် အသုံးမပြုနိုင်တော့ဘဲ ပင်လယ်ပြင်မှာ တ၀ဲလည်လည် ဖြစ်ေ်နကြပါတယ်။ ပင်လယ်ပြင်မှာ ဒီလို မျောနေတဲ့ လှေတွေပေါ်မှာ  လူ ၂၅၀၀ လောက် ရှိနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ မလေးရှားအစိုးရအနေနဲ့ ဒုက္ခရောက်လို့ ပြောင်းရွှေ့လာသူတွေကို ဖမ်းဆီးမှာမဟုတ်ဘဲ လူသားချင်းစာနာမှု အကူအညီတွေကို ပေးပြီး သက်ဆိုင်ရာဌာနတွေက စီမံ ကိုင်တွယ်သွားမယ်လို့လည်း ရေတပ်ဦးစီးချုပ်က ပြောပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="94981,94982,94983,94984"]
6 years Ago
More News
Up