လေကြောင်းလိုင်း

July 12, 2019

ဘန်ကောက်အဲယားဝေး လေကြောင်းလိုင်းက ဝန်ဆောင်မှုအချို့ ခေတ္တဆိုင်းငံ့ကြောင်း ကြေညာ 

ထိုင်းနိုင်ငံက လေကြောင်းလိုင်းတခုဖြစ်တဲ့ ဘန်ကောက်အဲယားဝေး လေကြောင်းလိုင်းဟာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုစနစ်ကို ပြောင်းလဲပြင်ဆင်နေတာမို့ အဲဒီရက်တွေအတွင်း လေယာဉ်စီး ခရီးသည်တွေကို ဝန်ဆောင်မှုလုပ်ငန်းတချို့ ခေတ္တဆိုင်းငံ့ထားမယ်လို့ ကြေညာထားပါတယ်။ ဝန်ဆောင်မှုလုပ်ငန်း ရပ်ဆိုင်းထားမယ့် အချိန်မှာ ၂၁၀၉ ခုနှစ် ဇူလိုင် ၁၃ ရက် ထိုင်းစံတော်ချိန် ည ၇ နာရီကနေ ဇူလိုင် ၁၄ ရက်နေ့ထိလို့ ဆိုပါတယ်။ ဝန်ဆောင်မှုတွေကတော့ - ငွေသွင်းခြင်းကို ဇူလိုင် ၁၁ ရက်နေ့ ည ၁၁ နာရီမှ ဇူလိုင် ၁၅ ရက် ည ၇ နာရီခန့်အထိ ခရက်ဒစ်ကတ်နှင့် ပေးချေခြင်းသာ လက်ခံပါမည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ည ၁၁ နာရီမှ ဇူလိုင် ၁၅ ရက်နေ့ မနက် ၆ နာရီထိ အွန်လိုင်းပေါ်မှ ချက်ကင်လုပ်ခြင်းကို ဆိုင်းငံ့ထားပါမည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှစ၍ မိုဘိုင်းအပလီကေးရှင်းဖြင့် လေယာဉ်လက်မှတ် ကြိုတင်မှာယူခြင်း/လေယာဉ်လက်မှတ် အပြောင်းအလဲ လုပ်ခြင်းများကို ဆိုင်းငံ့ထားပါမည်။ ဗားရှင်းသစ်ဖြင့် အပ်ဒိတ်လုပ်နေပါသည်။ ဝက်ဘ်ဆိုက်ပေါ်မှ ငွေသွင်းခြင်း (Re-Payment) ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့  ညနေ ၅ နာရီမှ စတင်ဆိုင်းငံ့ထားပါမည်။ ဝက်ဘ်ဆိုက်ပေါ်မှ လေယာဉ်လက်မှတ် ကြိုတင်မှာယူခြင်း သို့မဟုတ် ကောလ်စင်တာ (စုံစမ်းမေးမြန်းရန်) ဝန်ဆောင်မှုကို ဇူလိုင် ၁၃ ရက် ထိုင်းစံတော်ချိန် ည ၇ နာရီမှ ဇူလိုင် ၁၄ ရက် မနက် ၆ နာရီခန့်ထိ ဆိုင်းငံ့ထားပါမည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်နေ့များအတွင်း ခရီးသွားမည့် ပြည်သူများ အနေဖြင့် ချက်ကင်လုပ်ရန် အချိန်ယူဖို့ လေဆိပ်သို့ ကြိုတင်အရောက်လာကြပါရန်၊ တစုံတရာ အကူအညီ လိုအပ်ပါက စုံစမ်းရန်ဌာန ဖုံးနံပါတ် ၁၇၇၁ (၀၂ ၂၇၀ ၆၆၉၉) သို့ ၂၄ နာရီ ခေါ်ဆိုနိုင်ပြီး ဘန်ကောက်အဲယားဝေး လေကြောင်းလိုင်း ဖေ့စ်ဘွတ်ခ် Bangkok Airways သို့မဟုတ် အီးမေးလ် [email protected] ကို ဆက်သွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
2 years Ago

July 8, 2019

ဂျော်ဂျီယာနိုင်ငံသို့ ပျံသန်းမည့် ရုရှားလေကြောင်းခရီးစဉ်များ ဆိုင်းငံ့မည့်အမိန့် စတင်အသက်ဝင်

ရုရှားနဲ့ ဂျော်ဂျီယာ နှစ်နိုင်ငံကြား ပျံသန်းနေတဲ့ ရုရှား ခရီးသည်တင် လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့မယ့် သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အမိန့်ဟာ ဇူလိုင် ၈ ရက်နေ့မှာ စတင်အသက်ဝင်လာပါတယ်။ ဇွန်လက ရုရှားအမတ်တယောက် ဂျော်ဂျီယာလွှတ်တော်ကို လာလည်ခဲ့အပြီး ဂျော်ဂျီယာမြို့တော် တီဘလီစီမှာ ရုရှားဆန့်ကျင်ရေး ဆန္ဒပြသူတွေကြောင့် မငြိမ်မသက် ဖြစ်ခဲ့တာပါ။ အဲဒီအတွက် ရုရှားနဲ့ ဂျော်ဂျီယာတို့ အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ ရုရှားကို ကျူးကျော်သိမ်းပိုက်သူလို့ ခေါ်ထားတဲ့ ခေါင်းစီးစာတန်းတွေ၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို သရော်ထားတဲ့ လက်ကိုင်ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပြီး လွှတ်တော်အဆောက်အအုံရှေ့မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ဇွန်လ ၂၀ ရက် ညက ဆန္ဒပြပွဲတွေကြောင့် လူစုခွဲဖို့ ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ရာဘာကျည်ဆန်တွေ သုံးခဲ့တဲ့အတွက် လူရာချီ ဒဏ်ရာရခဲ့သလို လူရာချီ အဖမ်းခံရပါတယ်။ ဆန္ဒပြသူတွေကတော့ ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီး ဂျော်ဂျီ ဂါခါရီယာ ရာထူးကနေ နုတ်ထွက်တဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။ ဒါ့ကြောင့် ရုရှားသမ္မတ ပူတင်က ဂျော်ဂျီယာနိုင်ငံကို ပျံသန်းမယ့် ရုရှားလေကြောင်းခရီးစဉ်ကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် ဂျော်ဂျီယာနိုင်ငံထဲမှာ ရှိပြီးသား ရုရှားနိုင်ငံသားတွေကို ပြန်ခေါ်ဖို့လည်း ပူတင်က အစိုးရကို အမိန့်ထုတ်ခဲ့ပါတယ်။
2 years Ago
More News
Up