လောက်ကိုင်

March 22, 2017

လောက်​ကိုင်​နယ်​စပ်​တွင် တိုက်​ပွဲပြင်းထန်​နေ (ရုပ်သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်စပ် မိုင်တိုင်အမှတ် ၁၂၅၊ ၁၂၆ မှာ ဒီနေ့ မနက်က တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ "ဒီကနေ့ ၁၂၅ ရော၊ ၁၂၆ မှာရော လက်နက်ကြီးတွေ့ရာ လက်နက်ငယ်တွေရော တအားကြီးချနေတယ်။ မရပ်သေးဘူး။ နေ့တိုင်းဖြစ်နေတော့ သွားတောင်မကြည့်ချင်တော့ဘူး" လို့ နန်းဆန်ဒေသခံ ဝမ်အိုက်တင်က ပြောပါတယ်။ လက်ရှိတိုက်ပွဲက မတ်လ ၆ ရက်နေ့ကနေ ၂၂ အထိ ရှိလာပြီဖြစ်ပေမယ့်လည်း တိုက်ပွဲရပ်တန့်မသွားဘဲ ဆက်လက်ပြင်းထန်နေလို့ နန်းဆန်သတင်းဌာနဖြစ်တဲ့ ကွမ်ပေါ့ကျွေမှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က ကိုးကန့်တပ်ဖွဲ့ရဲ့ ဘဏ်စာရင်းကို ပိတ်ထားပြီး အလှူရှင်တွေရဲ့ ထောက်ပံ့လှူဒါန်းငွေတွေကိုလည်း လက်ခံမှာမဟုတ်တော့တဲ့ အကြောင်းကို ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ သတင်း - နိုင်နိုင်၊ ဗီဒီယို- ကွမ်ပေါ့ကျွေသတင်းဌာန
4 years Ago

March 16, 2017

လောက်ကိုင်ဒေသတွင် မတ်လ ၁၄ ရက်ထိ တိုက်ပွဲ ၅၇ ကြိမ် ဖြစ်ပွား

  တရုတ်-မြန်မာနယ်စပ် လောက်ကိုင်ဒေသမှာ မတ် ၆ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တိုက်ပွဲ ကြီး ငယ် ၅၇ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်အနေနဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။ MNDAA အလောင်း ၁၇ လောင်းနဲ့ လက်နက် ၂၇ လက် သိမ်းဆည်းရမိတယ်လို့လည်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့သတင်းမှာတော့ မတ်လ ၁၄ ရက်မှာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတိုက်နယ်ရှိ ခလ၇ (၁၂၃) တပ်ဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်း ၁၀ လောင်း ရရှိတယ်လို့ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသမှာ အခုလ ၆ ရက်ကစလို့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တပ်မတော်နဲ့ တိုက်ပွဲတွေ တကျော့ပြန် အပြင်းအထန် ဖြစ်ပွားနေပါတယ်။ ဒီအတောအတွင်း တရုတ်အထူးသံ မစ္စတာ ဆွန်ကောချန်းနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ တပ်ဖွဲ့တို့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
More News
Up