လေတပ်

November 22, 2018

အမေရိကန် အပါအဝင် ၁၄ နိုင်ငံစုပေါင်းပြီး လေတပ် တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့် (ရုပ်သံ)

အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက လေတပ်တွေ စုရုံးပြီး ဘရာဇီးနိုင်ငံ မြောက်ပိုင်းမှာ လေတပ် တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်ကြပါတယ်။ Southern Cross လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း တက္ကဆက်လေကြောင်း အမျိုးသားအစောင့်တပ်က F16 တိုက်လေယာဉ် ၆ စီး အပါအဝင် လေယာဉ်အစီး ၁၀၀ ကျော် ပါဝင်လေ့ကျင့်ပါတယ်။ ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ ပြင်သစ်၊ ပီရူးနဲ့ ဥရုဂွေးနိုင်ငံတွေက လေယာဉ်တွေလည်း ပါဝင် လေ့ကျင့်ပါတယ်။ သဘာဝကပ်ဘေးအပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ဆင်ရေးနဲ့ ဒေသတွင်း တည်ငြိမ်မှု စစ်ဆင်ရေးတွေ အပါအဝင် ကမ္ဘာတလွှားက ဖြစ်ရပ် အလားအလာတွေအတွက် ပြင်ဆင်ဖို့ ပုံစံထုတ်ထားတဲ့ ဇာတ်ညွှန်းတွေအတိုင်း လေ့ကျင့်နေတာပါ။ သမားရိုးကျမဟုတ်တဲ့ စစ်ပွဲတွေကို ပိုအာရုံစိုက် လေ့ကျင့်ပြီး ရဟတ်ယာဉ်တွေကနေ ကြိုးနဲ့ တွယ်ဆင်းတာ၊ လေယာဉ်တွေပေါ်ကနေ လေထီးခုန်ချတာတွေကိုလည်း လေ့ကျင့်ပါတယ်။ ဘရာဇီး အရှေ့မြောက်စွန်းက နာတယ်လ် လေတပ်အခြေစိုက်စခန်းဟာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နဲ့ ဘရာဇီး ပူးပေါင်းဆောင်ရွက်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ဖူးပါတယ်။
3 years Ago

March 12, 2015

တရုတ်အမျိုးသမီး လေသူရဲများ မလေးရှားတွင် လေကြောင်းစွမ်းရည် ပြသမည်

မလေးရှားနိုင်ငံရဲ့ လန်ကာဝီ နိုင်ငံတကာအဏ္ဏဝါနဲ့ အာကာသပြပွဲအတွက် တရုတ်လေယာဉ် ၉ စင်း မတ် ၁၁ ရက်နေ့ မနက်က ထွက်ခွာသွားပါတယ်။ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး အုပ်စုက လေကြောင်းစွမ်းရည် ပြသမှာ ဖြစ်ပါတယ်။ လေယာဉ် ဂျွမ်းအလှပြ ပျံသန်းတဲ့ ဘာယီအဖွဲ့ဟာ ရုရှားလေကြောင်းပြပွဲကို လည်ပတ်အပြီး ခုတကြိမ်ဟာ ဒုတိယမြောက်အကြိမ် ဖြစ်ပါတယ်။ လေယာဉ် ကျွမ်းဘား ပျံသန်းမှုအဖွဲ့ ခေါင်းဆောင် ကောင်းကျန်းကျွမ်းက သူတို့အဖွဲ့ဟာ လှုပ်ရှားမှု ၂၀ ပါတဲ့ ပျံသန်းမှု အကျော့ ၃ ခါ လုပ်ဖို့ ပြင်ဆင်ထားခဲ့ပြီး အခြေစိုက်စခန်းကနေ လန်ကာဝီ နိုင်ငံတကာလေဆိပ်ထိ ကီလို ၅၀၀၀ နီးပါး အကွာအဝေးကို ပျံသန်းရမှာ ဖြစ်တဲ့အတွက် စေ့စေ့စပ်စပ် ကြိုတင် ပြင်ဆင်ထားပြီးပြီလို့ ပြောပါတယ်။ ပြပွဲအတွင်း မလေးရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ တခြားနိုင်ငံတွေက အဖွဲ့တွေနဲ့အတူ Su-30, F-16, F-18 and Rafale jets လေယာဉ်တွေကို မောင်းနှင်း ပျံသန်း ရမှာပါ။ တရုတ်အမျိုးသမီး လေသူရဲ ၄ ဦးက J-10 တိုက်လေယာဉ် ၄ စီးကို ပျံသန်း ပူးပေါင်းမှာ ဖြစ်ပါတယ်။ [gallery ids="85219,85220"]
6 years Ago
Up