ရှေးဟောင်းပစ္စည်းများ

February 28, 2015

တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းပစ္စည်များ အိုင်အက်စ် ဖျက်ဆီး

အီရတ်နိုင်ငံ မြောက်ပိုင်းမှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ရှေ့ဟောင်း ရုပ်တုတွ၊ ပန်းပု လက်ရာတွေ ဖျက်ဆီးခဲ့ပုံတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခု အွန်လိုင်းပေါ် ရောက်လာပါတယ်။ Men use sledgehammers on a toppled statue in a museum at a location said to be Mosulရုပ်တုတွေနဲ့ပန်းပု လက်ရာတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေ့ဟောင်းပစ္စည်းတွေဖြစ်ပြီး ခရစ်တော်မပေါ်ခင် ၇ ရာစုလောက်က လက်ရာတွေ ဖြစ်ပါတယ်။ စစ်သွေးကြွတဦးက “ဒါတွေကို ဖျက်ဆီးဖို့ တမန်တော်က စေခိုင်းလိုက်တာပါ” လို့ ပြောပါတယ်။ ဒီရှေ့ဟောင်း အနုပညာပစ္စည်းတွေဟာ မိုဆိုးမြို့ ပြတိုက်ကနေ ထုတ်ယူလာပုံရတယ်လို့ ပြတိုက်ဝန်ထမ်းဟောင်းတဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ မိုဆိုးမြို့ဟာ ဇွန်လက စလို့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ လက်ထဲကို ကျရောက်နေတာပါ။ လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်နေတဲ့ ဗွီဒီယိုနဲ့ပတ်သက်လို့တော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ A man topples a statue in a museum at a location said to be Mosulလန်ဒန်မှာ အခြေခိုက်တဲ့ ဗိသုကာဌာနရှိ အီရတ်ဗိသုကာ ပညာရှင်တဦးက အခု ဖျက်ဆီးလိုက်တဲ့ ပစ္စည်းတွေဟာ အီရတ်တနိုင်ငံတည်းနဲ့ ဆိုင်တဲ့ ရှေ့ဟောင်း အမွေအနှစ်မဟုတ်ဘဲ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့၊ လူသားအားလုံးရဲ့ အမွေအနှစ်ဖြစ်တယ်လို့ ပြောပါတယ်။ “တန်ဖိုး မဖြတ်နိုင်တဲ့ ရှေ့ဟောင်းပစ္စည်းတွေ အခုလို ဖျက်ဆီးလိုက်တာ မယုံကြည်နိုင်အောင် ဖြစ်ရတယ်။  ၂၀၀၁ ခုနှစ်က  အာဖဂန် တာလီဘန်တွေ ရှေးဟောင်း ဗုဒ္ဓရုပ်တုတွကို ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်မျိုးပဲ” လို့ ပြောပါတယ်။
6 years Ago
Up