ရှော်ကေး

April 28, 2019

ဒေါ့မွန်က ရှော်ကေးကို ၄ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ နာမည်ကြီး ဒေါ့မွန်အသင်း ရှော်ကေးကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီပွဲရှုံးတာကြောင့် ဒေါ့မွန်ရဲ့ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေ အကြီးအကျယ် ထိခိုက်ခဲ့ရပါ တယ်။ ဒီပွဲမှာ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို ၁၄ မိနစ်မှာ ဂေါ်ဇီက သွင်းယူပါတယ်။ ရှော်ကေးအတွက် ချေပဂိုးကို ဒေါ့မွန်နောက်တန်းရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ပေးလိုက်ရတာပါ။ ရှော်ကေးအတွက် ဒုတိယဂိုးကို ၂၈ မိနစ်မှာ ဆာနေးက သွင်းယူပါတယ်။ မိနစ် ၆၀ လောက်မှာ ဒေါ့မွန်က မားကို့ရှုစ် ဖျက်တာကြမ်းလို့ အထုတ်ခံလိုက်ရပါတယ်။ ရှော်ကေးအတွက် တတိယဂိုးကို ၆၂ မိနစ်မှာ ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူပါတယ်။ ၆၄ မိနစ်မှာလောက်မှာ ဒေါ့မွန်က ၀ု့ဝ် ဖျက်တာကြမ်းလို့ အထုတ်ခံရပြီး ၉ ယောက်တည်းနဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ဒေါ့မွန်အတွက် ဒုတိယချေပဂိုးကို ၈၄ မိနစ်မှာ ၀စ်ဆဲက သွင်းယူပါတယ်။ ရှော်ကေးအတွက် အပိတ်ဂိုးကို ၈၆ မိနစ်မှာ အမ်ဘိုလိုက သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီပွဲရှုံးတဲ့ ဒေါ့မွန်က ၆၉ မှတ်နဲ့ တပွဲလျော့ ဘိုင်ယန်မြူးနစ်ရဲ့နောက် ၁ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
2 years Ago

March 13, 2019

ပိုကောင်းသည့် စွမ်းဆောင်ရည်များ ပြသဖို့ရှိဟု မန်စီးတီးနည်းပြ ပြော

ရှော်ကေးအသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် အဲဒီထက်ပိုတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ရှိသေးတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဂျာမန်ကလပ် ရှော်ကေးနဲ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး စတာလင်နဲ့ ဆာနေးတို့ ခြေစွမ်းပြ ကစားခဲ့ကြပါတယ်။ ပွဲမတိုင်ခင်က ပြောထားတဲ့အတိုင်းပဲ မိမိတို့အသင်းဟာ ချန်ပီယံလိဂ်မှာ ငယ်ရွယ်တဲ့အသင်းဖြစ်ပြီး ငယ်ရွယ်တဲ့ ကစားသမားတွေမှာ စိတ်ရှည်မှု၊ သည်းခံမှုနဲ့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေ ရှိကြပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ဒုတိယအကြိမ်မြောက် တက်ရောက်ဖို့ ကြိုးစားမယ်လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ အက်သလက်တီကို အသင်းတို့ ပြိုင်ပွဲက ထွက်သွားရတာဟာလည်း မျှတမှုမရှိဘူးလို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။
2 years Ago

ချန်ပီယံလိဂ် ရှုံးထွက်ပွဲတွင် မန်စီးတီးက ရှော်ကေးကို ၇ ဂိုး ဂိုးမရှိဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ရှော်ကေးတို့ မနေ့ကယှဉ်ပြိုင်ရာ မန်စီးတီးက ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပထမအကျော့ ရှော်ကေးကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က မန်စီးတီးပဲ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၁၀ ဂိုး ၂ ဂိုးနဲ့ မန်စီးတီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်သွားတာပါ။ အိမ်ရှင် မန်စီးတီးဟာ ပထမအကျော့က အနိုင်ရထားပေမယ့်လည်း အိမ်ကွင်းမှာ တိုက်စစ်မှူး အဂွေရို၊ ဆာနေး၊ စတာလင်၊ ဆေးလ်ဗား၊ ဂန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗား၊ ဒန်နီလို၊ ဝေါ်လ်ကာ စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ မန်စီးတီးအသင်းကပဲ တဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြတ် အသာရခဲ့ပါတယ်။ မန်စီးတီးအတွက် ပွဲချိန် ၃၅ နဲ့ ၃၈ မိနစ်မှာ တိုက်စစ်မှူး အဂွေရိုက နှစ်ဂိုး၊ ၄၂ မိနစ်မှာ ဆာနေး၊ ၅၆ မိနစ်မှာ စတာလင်၊ ၇၁ မိနစ်မှာ ဘာနာဒိုဆေးလ်ဗား၊ ၇၈ မိနစ်မှာ ဖိုဒန်နဲ့ ၈၄ မိနစ်မှာ ဂါဘရီယယ်ဂျီးဆပ်စ်တို့က တဂိုးစီ သွင်းယူပေးခဲ့ပါတယ်။ အခုပွဲမှာ တဂိုးသွင်းယူပေးခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမား ဖိုဒန်ဟာ ချန်ပီယံလိဂ်မှာ မန်စီးတီးအတွက် ဂိုးသွင်းယူပေးတဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် မန်စီးတီးအတွက် အကောင်းဆုံး ခြေစွမ်းပြပြီး တဂိုးသွင်းယူပေးခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဆာနေးကို သတ်မှတ်ခဲ့ပါတယ်။
2 years Ago
More News
Up