ရေဖြန်းလူစုခွဲ

December 3, 2017

ဆန္ဒပြသူများကို ဂျာမနီရဲ မီးသတ်ပိုက်ဖြင့် ရေဖြန်းလူစုခွဲ

ဂျာမနီနိုင်ငံအတွင်း နိုင်ငံခြားသားတွေ ဝင်ရောက်တာကို ဆန့်ကျင်တဲ့ AfD ပါတီရုံးချုပ်အနီးက လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြဖို့ ကြိုးစားသူ ရာပေါင်းများစွာကို ရဲက မီးသတ်ပိုက်နဲ့ ရေးဖြန်းပြီး လူစုခွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ တတိယမဲအများဆုံးရရှိခဲ့တဲ့ လက်ယာစွန်း AfD ပါတီဟာ ဒီဇင်ဘာ ၂ ရက်နေ့က ပါတီရုံးချုပ်မှာ ကွန်ဂရက်ကျင်းပတာကို ဆန္ဒပြသူ လူရာပေါင်းများစွာက လမ်းပိတ်ဆို့ဆန္ဒပြခဲ့ကြတာပါ။ အခု ကျင်းပတဲ့ AfD ပါတီကွန်ဂရက်မှာ ခေါင်းဆောင်သစ်ရွေးချယ်မှာဖြစ်ပြီး၊ ပိတ်ဆို့ဆန္ဒပြမှုတွေကြောင့် တစ်နာရီနောက်ကျပြီးမှာ ကွန်ဂရက်ကျင်းပခဲ့ရတယ်လို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ AfD ပါတီဟာ လက်ယာစွန်း အယူအဆရှိတဲ့ ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမျာ မဲ အရေအတွက် ၁၂ ဒသမ ၆ ရာခိုင်နှုန်းနဲ့ တတိယမဲအများဆုံးရရှိခဲ့ပါတယ်။ လက်ယာစွန်းပါတီတခုအနေနဲ့ ဂျာမန်လွှတ်တော်ထဲမှာ အခုလို မဲအရေအတွက် များများရရှိခဲ့တာဟာ ၁၉၅၀ ပြည့်နှစ်တွေနောက်ပိုင်း ပထမဆုံးဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up