ရေးမြို့ ကျုံးအတွင်း ၁၀ တန်းကျောင်းသူ ရေနစ်သေဆုံး

June 30, 2016

ရေးမြို့ ကျုံးအတွင်း ၁၀ တန်းကျောင်းသူ ရေနစ်သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ် ရန်မျိုးအောင်ရပ်ကွက် ရေလယ်ဘုရားအနီး ကျုံးအတွင်းမှာ ဒီနေ့ မနက် ၇ နာရီက အမျိုးသမီးတဦး  ရေနစ်သေဆုံးနေတာ တွေ့ရှိလို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရေးမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် အေးမြင့်နဲ့ အဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာမှာ ပုပ္ပဝတီကျေးရွာ စုံနံ့သာကျေးရွာအုပ်စုနေ မယွန်းယွန်း ၁၇ နှစ်၊ အထက ၂ က ဆယ်တန်းကျောင်းသူဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်အရ သေဆုံးသူမှာ ခန္ဓာကိုယ်ပြင်ပဒဏ်ရာတစုံတရာ မတွေ့ရှိရကြောင်း ရဲစခန်းက ပြောပါတယ်။ 13557752_10209546047998403_3948285327811554195_nဖြစ်စဉ်နဲ့ စပ်လျဉ်းလို့ ရေးမြို့မရဲစခန်းက သေမှုသေခင်းအမှုဖွင့်အရေးယူထားရှိပြီး အမှုကို အသေးစိတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - နေမျိုးထွဋ်  
5 years Ago
Up