ရေနံတင်သင်္ဘော

July 26, 2019

ဗြိတိန်အလံလွှင့် သင်္ဘောအားလုံးကို အစောင့်လိုက်ပါရန် စစ်သင်္ဘောတစီး စေလွှတ်

ဗြိတိန် ရေနံတင်သင်္ဘောကို အီရန်အစောင့်တပ်က ဖမ်းဆီးပြီးနောက် ဗြိတိန်အလံလွှင့် သင်္ဘောအားလုံးကို အစောင့်လိုက်ပါဖို့ ဗြိတိန်က စစ်သင်္ဘောတစီး စေလွှတ်လိုက်ပါတယ်။ ဒါဟာ ဗြိတိန်အစိုးရ မူဝါဒပိုင်းမှာ ပြောင်းပြန်ဖြစ်သွားတာပါ။ အစောပိုင်းက ဗြိတိန်ဟာ အဲဒီလိုစောင့်ကြပ်ဖို့ စစ်သင်္ဘော အလုံအလောက်မရှိဘူးဆိုပြီး ပြောထားပါတယ်။ ဇူလိုင် ၂၅ ရက်နေ့က ဗြိတိန်စစ်သင်္ဘော HMS မွန်ထရို့စ်ဟာ မူဝါဒသစ်အရ စတီနာ အင်ပေါတန့်နဲ့ စီးပလိုး သင်္ဘောနှစ်စီးအတွက် စောင့်ကြပ်ရေးတာဝန်ကို စတင်ထမ်းဆောင်နေပါတယ်။ ဇူလိုင် ၁၉ ရက်နေ့တုန်းက ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန်အလံလွှင့် ရေနံတင်သင်္ဘော စတီနာ အင်ပယ်ရိုကို အီရန်ကွန်မန်ဒိုတွေက စီးနင်း ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောကို ဗြိတိန် မရိမ်းတပ်ဖွဲ့တွေ စီးနင်းဖမ်းဆီးပြီးနောက်မှာ ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

July 20, 2019

ရေနံတင်သင်္ဘော ၂ စီးကို အီရန်ဖမ်းဆီးဟု ဗြိတိန်ပြော

ပါရှန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောနှစ်စီးကို အီရန်က ဖမ်းဆီးခဲ့ပြီး သင်္ဘောတွေကို ပြန်မပေးပါက အကျိုးဆက်တွေ ခံရလိမ့်မယ်လို့ ဇူလိုင်လ ၁၉ ရက်မှာ  ဗြိတိန်က သတိပေးလိုက်ပါတယ်။ အလားတူ အီရန်နိုင်ငံပိုင် သတင်းဌာနကလည်း တော်လှန်ရေးအစောင့်တပ်ဟာ ဗြိတိန် အလံလွှင့်ထားတဲ့ စတီနာအင်ပယ်ရို သဘောင်္ကို ဖမ်းဆီးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက်  ဒုတိယသဘောင်္ဖြစ်တဲ့ မက်စ်ဒါကို မဖမ်းဆီးခဲ့ဘူးလို့ အီရန်တက်စ်နင် သတင်းဌာနက အစီရင်ခံပါတယ်။ လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင် ရေးရာတွေနဲ့ ပတ်သက်လို့  မက်စ်ဒါသဘောင်္ကို သတိပေးခဲ့ပြီးနောက် သင်္ဘာကို လမ်းကြောင်းအတိုင်း ဆက်သွားခွင့်ပြုခဲ့တယ်လို့ တက်စ်နင် သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
2 years Ago
More News
Up