ရေနစ်သေဆုံး

January 1, 2018

ကြာပန်းဆင်းခူးရာမှ ကလေးငယ် ၃ ဦး ရေနစ်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သံပုရာပင်စုကျေးရွာနားက သဖန်းဆိပ် ဆည်ရေဝင်ဧရိယာအစပ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီခွဲက ကလေးငယ် ၃ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။ သတင်းအရ မြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာ အဲဒီရွာနေ မခိုင်ဇင်ထွန်း (၁၀) နှစ်၊ မသဲစုလှိုင် (၁၃) နှစ်နဲ့ ကျီးကုန်း ကျေးရွာနေ မောင်ဝေဠုအောင် ၁၄ နှစ်တို့ဟာ သဖန်းဆိပ်ဆည်ရေဝင်ဧရိယာအစပ်မှာ ကြာပန်းဆင်းခူးနေတုန်း ရေနစ်သေဆုံး ခဲ့ကြတာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။ ကျွန်းလှမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၇ နဲ့ ရေးဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။
4 years Ago

November 6, 2017

မိတ္ထီလာကန် ရေပေးမြောင်းအတွင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ နိုဝင်ဘာ ၅ ရက်နေ့လယ်ပိုင်းက မကျီးခြောက်ရွာအနီး မိတ္ထီလာကန်မှ စိုက်ပျိုးရေးသုံးဖို့ ပေးထားတဲ့ ရေမြောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတဦး ရေနစ်သေဆုံးတယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်း တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ၂ နေ အသက် ၄၉ နှစ်ရှိ ကိုမြင့်သန်းနဲ့ ကိုဝေလင်းတို့နှစ်ဦး မကျီးခြောက်ရွာအနီးက ရေမြောင်းမှာ အတူတူ ရေဆင်းချိုးကြကြောင်း၊ ရေဆင်းချိုးတဲ့နေရာမှာ ရေပြွန်ကြီးတခုရှိနေပြိး ကိုမြင့်သန်းက ရေပြွန်နှုတ်ခမ်းပေါ်ကနေ ရေထဲကို ခုန်ချရာမှ ရေစုပ်အားနဲ့ ရေပြွန်ထဲပါသွားပြီး ရေနစ်သေဆုံးခဲ့တာလို့ အမှတ် ၂ ရဲစခန်း ဒုရဲအုပ်ချစ်ဇော်ဝိုင်းက ပြောပါတယ်။ "မြောင်းနဲ့အပြည့် ရေလွှတ်ထားတာ တွေ့ရတယ်။ အချင်း ၃ ပေကျော်တဲ့ ရေပြွန်ထဲလည်း ရေအပြည့်လာနေတယ်။ အရှည်က ၁၀ ပေကျော်တယ်၊ ဒီဘက်က ရေပြွန်ထဲဝင်သွားရင် တဖက်ကိုပြန်အထွက်မှာ ရေနစ်သေဆုံးနိုင်တယ်။ ပြင်ပဒဏ်ရာတစုံတရာ မတွေ့ရပါဘူး။ ခွဲစိတ်စစ်ဆေးဖို့ မိတ္ထီလာဆေးရုံ ပို့ပေးတယ်။" မကျီးခြောက်ရွာခံတဦးက "ဒီရေမြောင်းမှာ ရေနစ်သေတာ ခဏခဏဖြစ်တယ်။ ပြီးခဲ့တဲ့လကလည်း တဦးရေနစ်သေဆုံးမှု ဖြစ်သေးတယ်။ အန္တရာယ်ရှိတယ်၊ သတိပေးထားသင့်တယ်" လို့ ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
More News
Up