ရေတပ်သင်္ဘော

June 7, 2019

အမေရိကန်က သီရိလင်္ကာသို့ လှူဒါန်းသည့် ရေတပ်သင်္ဘော လက်ခံပွဲ ကျင်းပ

အမေရိကန်နိုင်ငံက လှူဒါန်းတဲ့ ရေတပ်သင်္ဘော လက်ခံပွဲ အခမ်းအနားကို ဇွန်လ ၆ ရက်နေ့က သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို သမ္မတ မိုင်သရီပါလာ ဆီရီဆီနာ တက်ရောက်ခဲ့ပြီး ရေတပ်အကအဖွဲ့က ရိုးရာအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ သီရိလင်္ကာရေတပ်ရဲ့ အကြီးဆုံးစစ်သင်္ဘောဖြစ်လာမယ့် အဲဒီသင်္ဘောဟာ သီရိလင်္ကာနိုင်ငံကို မေလက ရောက်လာခဲ့ပြီး တရားဝင် ထုတ်ဖော်မပြသခင် ပြင်ဆင်မွမ်းမံတာတွေ လုပ်ခဲ့ပါသေးတယ်။ သီရိလင်္ကာရေတပ်အတွက် အမေရိကန်စစ်သင်္ဘော လှူဒါန်းတာဟာ အမေရိကန်နဲ့ တရုတ်အကြား နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ မကြာသေးခင်နှစ်တွေက တရုတ်ဟာ သီရိလင်္ကာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး အထူးသဖြင့် သီရိလင်္ကာရေတပ်နဲ့ စစ်ရေးဆက်ဆံမှု ပိုနီးကပ်အောင် ကြိုးစားခဲ့ပါတယ်။
2 years Ago

November 9, 2018

နော်ဝေတွင် ရေနံတင်သင်္ဘောနှင့် ရေတပ်သင်္ဘော တိုက်မိ၊ လူ ၈ ဦး ဒဏ်ရာရ

နော်ဝေနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းမှာ နိုဝင်ဘာ ၈ ရက်နေ့က ရေနံတင်သင်္ဘောတစီးနဲ့ နော်ဝေဖရီးဂိတ် ရေတပ်သင်္ဘောတို့ တိုက်မိခဲ့ပြီး လူ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် နော်ဝေနိုင်ငံရဲ့ အကြီးဆုံး သဘာဝဓာတ်ငွေ့စက်ရုံနဲ့ ကမ်းလွန်ရေနံတွင်း အများအပြားရှိတဲ့ မြောက်ပင်လယ် ရေနံစိမ်းတင်ပို့ရာ ဆိပ်ကမ်းကို ပိတ်ခဲ့ရပါတယ်။ အဲဒီ ဖရီးဂိတ်ရေတပ်သင်္ဘောဟာ မကြာခင်က ပြုလုပ်ခဲ့တဲ့ အကြီးစား နေတိုး စစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ပြီး အခုအခါ တဖက်ကိုစောင်းကာ ဖြည်းဖြည်းချင်း နစ်မြုပ်နေပါတယ်။ ရေတပ်သဘောင်္ပေါ်က အမှုထမ်း ၁၃၇ ဦးကို ကယ်တင်ခဲ့ပြီး ၈ ဦးကတော့ ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးခေါင်းဆောင်က ရေနံတင်သင်္ဘောကနေ ရေနံယိုစိမ့်တဲ့ လက္ခဏာ မရှိပေမယ့် စစ်ဆေးဖို့အတွက် သဘောင်္ဟာ ဆိပ်ကမ်းကို ပြန်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ရေနံစိမ်းတင်ပို့ရာ ဆိပ်ကမ်းကိုလည်း ကြိုတင်ကာကွယ်ရေး အစီအမံအနေနဲ့ ယာယီပိတ်သွားမှာဖြစ်တယ်လို့ အီကွာနာစတား ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up