မေ၀ယ်သာ

September 9, 2015

မေ၀ယ်သာ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲ ပရိသတ် စိတ်ဝင်စားမှုနည်း

အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာ ရဲ့ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဟာ  ပရိသတ်ကို စွဲဆောင်မှု သိပ်မရှိဘဲ လက်မှတ်အရောင်းကလည်း ထင်ထားတာထက် အလွန်အမင်း နည်းပါးနေပါတယ်။ မေ၀ယ်သာဟာ လက်ရည်ညီဖွယ်ရှိတဲ့  ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့  ဘာတိုကို နောက်ဆုံးပွဲထိုးဖို့ ရွေးချယ်ခဲ့တယ်အပေါ် ဝေဖန်မှုတွေ ရှိနေတာပါ။ သူ့အနေနဲ့ အနိုင်ရမယ့် ပြိုင်ဘက်ကို ရွေးချယ်ခဲ့တာလို့ ပြစ်တင် ဝေဖန်ခံနေရတာပါ။ စက်တင်ဘာ ၁၂ ရက်နေ့မှာ ရှုံးပွဲမရှိသေးတဲ့ မေ၀ယ်သာနဲ့ အန်ဒရေးဘာတိုရဲ့ပွဲဟာ အခုပွဲမတိုင်ခင် ထိုးခဲ့တဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနဲ့ ပွဲလောက် ပရိသတ်က စိတ်ဝင်စားမှုမရှိ ဖြစ်နေတာပါ။ အဲဒီပွဲတုန်းက လက်မှတ်ဈေးဟာ အမေရိကန်ဒေါ်လာ ၁၅၀၀ ကနေ ၁၀၀၀၀ အထိ ရှိခဲ့ပြီး ၂ နာရီအတွင်း လက်မှတ်အကုန် ရောင်းကုန်သွားခဲ့သလို မှောင်ခိုဈေးကွက်မှာလည်း လက်မှတ်ဈေးနှုန်းက အဆမတန် များပြားခဲ့တာပါ။ ဒါပေမယ့် အခု ဘာတိုနဲ့ပွဲမှာ အမြင့်ဆုံး လက်မှတ်ဈေးနှုန်းက ဒေါ်လာ ၁၅၀၀ သာရှိပြီး အဲဒီအထူးတန်းလက်မှတ်ကလည်း ၁၅၀ ၀န်းကျင်သာ ရောင်းချရပါသေးတယ်။ အမေရိကန် အခပေးရုပ်သံလိုင်းတွေကနေ မေ၀ယ်သာနဲ့ ဘာတိုတို့ ပွဲအတွက် ၁ ပွဲစာ ၀ယ်ယူမှုဟာ ပက်ကွီအိုနဲ့ ပွဲကထက်စာရင် ၃ ပုံ ၁ ပုံတောင် မရှိပါဘူး။ ပက်ကွီအိုနဲ့ ပွဲတုန်းက ၁ ပွဲစာ ရုပ်သံဈေးနှုန်းဟာ ဒေါ်လာ ၁၀၀ ကနေ ၇၄ ဒသမ ၉၅ ဒေါ်လာအထိ ရှိခဲ့ပြီး ၀ယ်ယူ ကြည့်ရှုသူ သန်း ၄၀၀ ၀န်းကျင်ရှိခဲ့ပြီး လက်ဝှေ့သမိုင်းမှာတော့ စံချိန်တင်သွားခဲ့ပါတယ်။
6 years Ago

September 4, 2015

ကမ္ဘာပေါ်တွင် ၂ စီးတည်းထုတ်သည့် ကားကို မေ၀ယ်သာ ၀ယ်

ကမ္ဘာပေါ်မှာ ၂ စီးပဲထုတ်ထားတဲ့ ကားကို မန်းနီးလို့ အမည်ပြောင်ပေးထားတဲ့ အမေရိကန် လက်ဝှေ့သမား ဖလော့ မေ၀ယ်သာ က စီးနင်းနေပါတယ်။ ဆွီဒင် ကိုနစ်ဆက်ကုမ္ပဏီက ချမ်းသာတဲ့သူတွေအတွက် အဓိကထားပြီး ၂ စီးပဲ ထုတ်လုပ်တဲ့ ဒေါ်လာ ၄ ဒသမ ၈ သန်းတန် ထရီဗီတာကားကို မေ၀ယ်သာက ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီကားကို နေရောင်ထိုးလာမယ်ဆိုရင်တော့ ကားဟာ သန်းပေါင်းများစွာသော စိန်တွေ အရောင်တောက်သလို ကိုယ်ထည်က အရောင်တောက်လာမယ်လို့ ဆိုပါတယ်။ အင်ဂျင်ကတော့ ၄ ဒသမ ၈ လီတာ ဗွီ-၈ အင်ဂျင် ဖြစ်ပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီက စီးပွားရေး အခွင့်အလမ်းတွေကို ဖန်တီးနိုင်ခဲ့ပေမယ့် ကားတွေကိုတော့ အကန့်အသတ်နဲ့ ထုတ်လုပ်ပါတယ်။ ဒီကားကို ၀ယ်ယူနိုင်တဲ့အပေါ် မေ၀ယ်သာက ဂုဏ်ယူနေသလို ဒီကားနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက် အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ တကယ်လို့ မေ၀ယ်သာက ဒေါ်လာ ၅ သန်းနီးပါး တန်ကြေးရှိတဲ့ ဒီလိုကားတွေကို စီးနင်းလိုတဲ့ အာသီသရှိမယ်ဆိုရင်တော့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ မကြာခဏ ထိုးသတ်ဖို့တော့ လိုမှာ အသေအချာ ဖြစ်ပါတယ်။
6 years Ago
More News
Up