မော်ဒိုဗာ

March 23, 2019

ယူရို ၂၀၂၀ ခြေစစ်ပွဲ ပြင်သစ်က မော်ဒိုဗာကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု (H) ပွဲစဉ်မှာ နာမည်ကြီး ပြင်သစ်က အဝေးကွင်းမှာ မော်ဒိုဗာကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ကမ္ဘာ့ချန်ပီယံ ပြင်သစ်က မော်ဒိုဗာကို သက်တောင့်သက်သာနဲ့ပဲ အနိုင်ယူသွားတာပါ။ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက် ကန်သွင်းခွင့် ၁၀ ကြိမ်အထိ ရခဲ့ပါတယ်။ ပြင်သစ်အတွက် ဦးဆောင်ဂိုးကို ၂၄ မိနစ်မှာ တိုက်စစ်မှူး ဂရစ်မန်းက သွင်းယူပါတယ်။ ဒုတိယဂိုးကို ၂၇ မိနစ်မှာ ဗာရာနီ၊ တတိယဂိုးကို ၃၆ မိနစ်မှာ ဂျီရု၊ အပိတ်ဂိုးကို ၈၇ မိနစ်မှာ အမ်ဘာပေးက သွင်းယူပါတယ်။ မော်ဒိုဗာအတွက် ချေပဂိုး ၁ ဂိုးကို ၈၉ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ပြင်သစ်က အုပ်စု (H) မှာ ၃ မှတ်နဲ့ ဦးဆောင်နေပါတယ်။
2 years Ago

September 2, 2018

ရိုမေးနီးယားနှင့် ပြန်လည်ပေါင်းစည်းရေး မော်ဒိုင်နိုင်ငံသား ထောင်ချီ တောင်းဆို

ထောင်နဲ့ချီတဲ့ မော်ဒိုဗာနိုင်ငံသားတွေဟာ ရိုမေးနီးယားနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းရေး တောင်းဆိုတဲ့ လူထုစုဝေးပွဲကို အစိုးရရုံးအရှေ့မှာရှိတဲ့ ရင်ပြင်မှာ စက်တင်ဘာ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။ ဒီလူထု စုဝေးပွဲဟာ ရဲအစောင့်အကြပ်ကြောင့် ငြိမ်းချမ်းစွာပြီးဆုံးခဲ့ပါတယ်။ မတ်လတုန်း ကတော့ ရိုမေးနီးယားလွှတ်တော်အမတ်တွေဟာ မော်ဒိုဗာနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းရေးကို ထောက်ခံမဲပေးခဲ့ကြပါတယ်။ မော်ဒိုဗာလွှတ်တော် ဥက္ကဋ္ဌကတော့ မော်ဒိုဗာဟာ ကိုယ်ပိုင်လွတ်လပ်ရေးကို ချစ်ခင်မြတ်နိုးတယ်လို့ ပြောထားပါတယ်။ ရိုမေးနီးယားလွှတ်တော်မှာတော့ ဒုတိယ ကမ္ဘာစစ်အတွင်းတုန်းက ရိုမေးနီးယား ဘုရင့်နိုင်ငံထဲ မော်ဒိုဗာပေါင်းစည်းမှု နှစ် ၁ဝဝ ပြည့် အထူးအစည်းအဝေးပွဲကို ကျင်းပထားပါတယ်။ မော်ဒိုဗာဟာ ၁၉၄ဝ ပြည့်နှစ်မှာ  ဆိုဗီယက်ပြည်ထောင်စုရဲ့ကျူးကျော်မှုကို ခံခဲ့ရပြီး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲအပြီး  ၁၉၉၁ ခုနှစ်မှာ လွတ်လပ်ရေးရ မော်ဒိုဗာနိုင်ငံထဲမှာ ရုရှားကို လက်ခံသူတွေနဲ့ ရိုမေးနီးယားနဲ့ပေါင်းစည်းလိုသူတွေဆိုပြီး သဘောထားကွဲပြားမှု ရှိနေတယ်လို့ ရိုက်တာသတင်း မှာဖော်ပြပါတယ်။
3 years Ago
More News
Up