ဘေးလ်

May 14, 2019

တိုက်စစ်မှူး ဘေးလ်ကို စပါးအသင်းထံ အငှားချရန် ရီးရဲလ် ကမ်းလှမ်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကို စပါးအသင်းဆီ အငှားချဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်နေပါတယ်။ ရီးရဲလ်အသင်းမှာ အဆင်မပြေဖြစ်နေပြီး ပွဲထွက်ခွင့် နည်းပါးနေတဲ့ ဘေးလ်ကို ထိပ်တန်းအသင်း တော်တော်များများကလည်း အလိုရှိနေကြတာပါ။ ရီးရဲလ်နည်းပြ ဇီဒန်းကတော့ လာလီဂါပွဲစဉ်တွေမှာ ဘေးလ်ကို လူစာရင်းကနေ ချန်လှပ်တာတွေရှိခဲ့ပြီး ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ စပါးအသင်းအနေနဲ့ ဂါရတ်ဘေးလ်အတွက် တပတ်လုပ်ခ ပေါင် ၂ သိန်းခွဲနဲ့ တနှစ်ငှားရမ်းခ အဖြစ် ပေါင် ၁၀ သန်းပေးမယ်ဆိုရင် ရီးရဲလ်အသင်းက ဘေးလ်ကို အငှားချသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် စပါးအသင်းဘက်ကတော့ ရီးရဲလ်အသင်းက တန်ကြေးလျှော့ချ တောင်းဆိုထားတဲ့ ပမာဏကို ပေးချေနိုင်မလားဆိုတာ ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဝေးလ်တိုက်စစ်မှူး ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က စပါးအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ရီးရဲလ်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။
2 years Ago

May 29, 2018

မန်ယူအတွက် ဘေးလ်နှင့် နေမာ လိုအပ်ဟု ပေါလ်စခိုး သုံးသပ်

ဂါရတ်ဘေးလ်နဲ့ နေမာတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ လိုအပ်တဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ကစားသမားဟောင်း ပေါလ်စခိုးက သုံးသပ်လိုက်ပါတယ်။ ဂါရတ်ဘေးလ်နဲ့ နေမာတို့ကို ခေါ်ယူနိုင်ခြင်းရှိ မရှိ မသိပေမယ့် ဒီလိုကစားသမားတွေဟာ ထူးချွန်တဲ့ စပါယ်ရှယ်ကစားသမားတွေဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ လိုအပ်တဲ့ ကစားသမားတွေဖြစ်တယ်လို့ ပေါလ်စခိုးက ပြောလိုက်တာပါ။ ဒီကစားသမားတွေဟာ မန်ယူအသင်းတိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ပြီး လူကာကူအတွက်လည်း အကူအညီဖြစ်စေမယ်လို့ ပေါလ်စခိုးက ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဆီဗီလာကို ရှုံးနိမ့်ခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်နဲ့ နီးစပ်ဖို့အတွက် နေရာတိုင်းမှာ လိုအပ်ချက်ရှိတာကို ပြသလိုက်တာ ဖြစ်တယ်လို့လည်း ပေါလ်စခိုးက ပြောကြားခဲ့ပါတယ်။ အသက် ၄၃ နှစ်ရှိ မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်ဟာ အသင်းနဲ့အတူ ၁၉ နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
3 years Ago
More News
Up