ဖျော်ဖြေရေးကျောင်း

October 5, 2015

ဖျော်ဖြေရေး အတွက် မျောက်ကလေးများကို သင်ကြားပေးသည့် ကျောင်း (ဓာတ်ပုံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဒေါင်ကျင်းမြို့က မြစ်ဝါမြစ်ဝကျွန်းပေါ် တိရစ္ဆာန်ရုံမှာ အာဖရိက မျောက်မြီးတိုလေးတွေအတွက် ဖျော်ဖြေမှုကျောင်းတကျောင်းကို ဖွင့်လှစ်ထားတယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ အဲဒီကျောင်းဟာ တရုတ်နိုင်ငံမှာ ပထမဆုံးဖြစ်လာပြီး မျောက်ကျောင်းသားကောင်ရေ ၃၀ ရှိနေတာ ဖြစ်ပါတယ်။ အဲဒီ အာဖရိက မျောက်မြီးတိုလေးတွေဟာ ဂျပန်နိုင်ငံကဖြစ်ပြီး သင်္ချာစွမ်းရည်၊ ကုလားမခြေထောက်နဲ့ လမ်းလျှောက်နိုင်မှု စွမ်းရည် စတဲ့ ကာယစွမ်းရည်တွေကို သင်ကြားနေကြတာဖြစ်ပြီး သင်ကြားမှု ပြီးသွားရင်တော့ တရုတ်နိုင်ငံအနှံ့အပြား ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ပါဝင်ကြမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီသင်တန်းကျောင်းမှာ သူတို့အနေနဲ့ အချိန်ဘယ်လောက်ကြာနေဦးမလဲ မသိနိုင်သေးဘဲ သင်တန်းပြီးချိန်မှာတော့ တိရစ္ဆာန်ရုံတွေ၊ ဆပ်ကပ်ရုံတွေမှာ စွမ်းရည်ပြသကြရမှာဖြစ်ပြီး တရုတ်နိုင်ငံတွင်း အဲဒီလို မျောက်တွေကို အသုံးပြုပြီး ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်ဆောင်မှု တိုးလာတယ်လို့ သတင်းကဆိုပါတယ်။ ဓာတ်ပုံ - စီအီးအန်  
6 years Ago
Up