ဖောက်ပြားသည့် ချစ်သူအမျိုးသားကြောင့် ထိုင်းအမျိုးသမီးတဦး သုံးထပ်အမြင့်မှ ခုန်ချ

June 12, 2016

ဖောက်ပြားသည့် ချစ်သူအမျိုးသားကြောင့် ထိုင်းအမျိုးသမီးတဦး သုံးထပ်အမြင့်မှ ခုန်ချ

ထိုင်းနိုင်ငံ၊ ပက်ချာဘွန်ခရိုင်ထဲမှာ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတဦးဟာ ဖောက်ပြားတဲ့ နိုင်ငံခြားသားချစ်သူအမျိုးသားကြောင့် သုံးထပ်အမြင့်ရှိတဲ့ အခန်းကနေ ခုန်ချခဲ့တယ်လို့ ပတ္တရားဝမ်းသတင်းမှာ ဇွန်လ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ လီနာအမည်ရတဲ့ အဲဒီအမျိုးသမီးဟာ သူ့ရဲ့နိုင်ငံခြားသားချစ်သူအမျိုးသားနဲ့ တခြားအမျိုးသမီးတယောက်နဲ့ တွဲပြီးဖောက်ပြားနေခဲ့လို့ ခုန်ချခဲ့ချိန်မှာ အောက်က ဒုတိယ ထပ်အမိုးစွန်းနဲ့ ရိုက်မိခဲ့ပြီး တွဲလောင်းဖြစ်နေခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေရောက်လာချိန်မှာ သူဟာ ဒဏ်ရာတွေရရှိထားပြီး ပါး စပ်ကလည်း မပီမသ၊ မသဲမကွဲနဲ့ စကားတွေ တတွတ်တွတ်ရွတ်ဆိုနေခဲ့ပြီး ငိုယိုနေခဲ့တယ်လို့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။ သူဟာ အရက်တွေ မူးအောင်သောက်ထားခဲ့တာဖြစ်ပြီး အပေါ်က ပြုတ်ကျတဲ့ အရှိန်ကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေဟာ သူ့ကို ရှေးဦးသူနာပြုစုနည်းတွေနဲ့ ကုသပေးခဲ့ကာ ဘန်ဂလာမန်ဆေးရုံဆီ ပို့ဆောင်ပေးထားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up