ပေးဂိုးမရှိ စံချိန်သစ်တင်သည့် ဂျူဗင်တပ်ဂိုးသမား ဘတ်ဖွန်

March 21, 2016

ပေးဂိုးမရှိ စံချိန်သစ်တင်သည့် ဂျူဗင်တပ်ဂိုးသမား ဘတ်ဖွန်

အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်း ဂိုးသမား ဘတ်ဖွန်ဟာ မိနစ် ၉၃၀ အထိ ပေးဂိုးမရှိတဲ့ စံချိန်သစ်ကို တင်လိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဂိုးသမား ဘတ်ဖွန်ဟာ မတ်လ ၂၀ ရက် ညက တိုရီနိုနဲ့ ကစားတဲ့ ပွဲစဉ်မှာ စံချိန်တင်နိုင်တာ ဖြစ်ပါတယ်။ အရင်တုန်းက အေစီမီလန် ဂိုးသမား ရော့စီက ၉၂၉ မိနစ်အထိ ပေးဂိုးမရှိတဲ့ စံချိန်ကို ၁၉၉၃-၉၄ ရာသီမှာ တင်ထားပါတယ်။ အဲဒီစံချိန်ကို ဘတ်ဖွန်က ဖြတ်ကျော်နိုင်ခဲ့တာပါ။ မတ်လည၂၀ ရက် ညက ပွဲစဉ်မှာ တိုရီနိုအသင်းဘက်ကရတဲ့ ပင်နယ်တီကိုတော့ ဂိုးသမား ဘတ်ဖွန် မကာကွယ်နိုင်လို့ ဂိုးပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း အီတလီဂိုးသမား ဘတ်ဖွန်ရဲ့ ဂျူဗင်တပ်အသင်းကတော့ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဟာ အီတလီစီးရီးအေမှာ လက်ရှိချန်ပီယံဖြစ်ပြီး အမှတ်ပေးဇယားကိုလည်း ဦးဆောင်နေပါတယ်။
5 years Ago
Up