ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်တွင် မဲစာရင်း စိစစ်

July 18, 2019

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၌ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ကျောင်းဆောင် ဖွင့်လှစ်   

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ကော့မှူးမြို့နယ်ကို သွားရောက်ပြီး အောင်ဇမ္ဗူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ကျောင်းဆောင်သစ်တခုကို ဖွင့်လှစ်ပေးလိုက်ပါတယ်။  အဆိုပါကျောင်းဟာ ကော့မှူးမြို့နယ် ပိန္ဒဲကုန်းကျေးရွာအုပ်စု ဆင်ခြံကျေးရွာမှာ တည်ရှိပြီး စာသင်ခန်း ၈ခန်းပါ  RC နှစ်ထပ် ကျောင်းဆောင်သစ်ဖြစ်ပါတယ်။ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအပြီးမှာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အောင်ဇမ္ဗူပရိယတ္တိ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာနဲ့ သံဃာတော်တွေကို ၀ါဆိုသင်္ကန်းနဲ့ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ ဓာတ်ပုံ- State Counsellor  
2 years Ago

December 13, 2015

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးတွင် အမှိုက်ကောက်လှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က အမှိုက်ကောက် လှုပ်ရှားမှု ပြုလုပ်နေပါတယ်။ ကော့မှူးစာကြည့်တိုက်ရှေ့ကနေစတင်ပြီး လမ်းဘေးတလျှောက်က အမှိုက်တွေကို ကောက်ယူသွားခဲ့ပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ ရန်ကုန်မှာ တွေ့ဆုံခိုက် ဒေါ်စုက ကိုယ်စားလှယ်တွေ အမှိုက်ကောက်ကြဖို့ နှိုးဆော်ခဲ့တာပါ။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း နိုင်ငံတ၀န်းမှာရှိတဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူ၊ သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့တွေ ပူးပေါင်းပြီး အမှိုက်ကောက်နေကြပါတယ်။ ဓာတ်ပုံ - ကောင်းထက်ကျော်  
6 years Ago
More News
Up