ဒေါ်အောင်ဆန်းစုကြည် အသက် ၇၀ ပြည့် မွေးနေ့မိန့်ခွန်း (ရုပ်သံ)

June 21, 2015

ဒေါ်အောင်ဆန်းစုကြည် အသက် ၇၀ ပြည့် မွေးနေ့ပွဲ (ဓာတ်ပုံ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။    
6 years Ago

June 20, 2015

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းများ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် ပြသ

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းတွေကို ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေမှာ ပြသထားပါတယ်။ အနယ်နယ် အရပ်ရပ် မိတ်ဆွေတွေဆီက လက်ရေးမူတွေကို ဖေ့စ်ဘုတ်က တဆင့် တောင်းပြီး ပရင့်ထုတ် ပြသထားတာလို့ စီစဉ်သူ ကိုစိုးသီဟက ပြောပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ချစ်တဲ့အကြောင်း ကမ္ဘာလှည့် ခရီးသွားတွေကို သိစေလိုတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ လူ ၄၀ လောက်ရဲ့ ဆုတောင်းစာတွေကို ပြထားပြီး အပျော်စီး ဂျက်စကီး ပေါ်မှာလည်း ဆုတောင်းစာကို လွှင့်တင်ထားပါသေးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို ဇွန်လ ၁၉ ရက်က နေပြည်တော် လွှတ်တော်က သူ့ရဲ့ ကော်မတီရုံးခန်းမှာ ပြုလုပ်ခဲ့ပြီး လွှတ်တော်ဝန်ထမ်းတွေကို ဖိတ်ကြားခဲ့ပါတယ်။ ဓာတ်ပုံ- စိုးသီဟ  
6 years Ago
Up