ဒေါ်နယ်ထရမ့်ကို နိုင်ငံဦးဆောင်ရန် အခွင့်အရေးပေးရမည်ဟု ဟီလာရီကလင်တန် ပြော

November 10, 2016

ဒေါ်နယ်ထရမ့်ကို နိုင်ငံဦးဆောင်ရန် အခွင့်အရေးပေးရမည်ဟု ဟီလာရီကလင်တန် ပြော

အခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဟီလာရီကလင်တန်က နိုဝင်ဘာ ၉ ရက်နေ့မှာ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ဝန်ခံလိုက်ပြီး သမ္မတသစ် ဒေါ်နယ်ထရမ့်ကို နိုင်ငံဦးဆောင်ဖို့ အခွင့်အရေးပေးရမယ်လို့ ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့အပြီး လူထုရှေ့ ပထမဆုံးထွက်လာပြီး ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်သူတွေ အားလုံးအတွက် အောင်မြင်တဲ့သမ္မတဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ဟီလာရီက ပြောပါတယ်။ အမေရိကန်ပြည်သူတွေအကြား ထင်တာထက် သွေးကွဲနေတယ်ဆိုတာကိုလည်း အားလုံး တွေ့မြင်ခဲ့ကြရတယ်လို့ ဟီလာရီက ပြောဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ တာဝန်ပြီးဆုံးပြီး ထွက်ခွာတော့မယ့် သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ တွေ့ဆုံပါမယ်။ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိတယ်လို့ သိသိချင်းမှာပဲ သမ္မတ အိုဘားမားက ဒေါ်နယ်ထရမ့်ကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်။ တိုင်းပြည်အာဏာအလွှဲအပြောင်းဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် ရွေးကောက်ပွဲမဲရလဒ်ကို လေးစားအသိအမှတ်ပြုဖို့ ဟီလာရီက ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။
5 years Ago
Up