တော့တင်ဟမ်ဟော့စပါး ၁ - ၁ ၀က်စ်ဘရွန်း

April 26, 2016

တော့တင်ဟမ်ဟော့စပါး ၁ - ၁ ၀က်စ်ဘရွန်း (ရုပ်သံဟိုက်လိုက်)

ဧပြီ ၂၅ ရက်က ယှဉ်ပြိုင်သွားတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဘရွန်းတို့ပွဲမှာ တဂိုးစီ သရေကျသွားတာကြောင့် ဇယားထိပ်ဆုံးက လက်ဆက်စတာအသင်းဟာ လက်ကျန်တပွဲနိုင်ရုံနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာတော့မှာပါ။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ စပါးအသင်းဟာ ဝက်စ်ဘရွန်းကို ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် နောက်ကျချေပဂိုး ပေးခဲ့ရပြီး သရေရလဒ်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ ဝက်ဘရွန်းနောက်ခံလူ ဒေါ်ဆင်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ စပါးအသင်း ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာ ဒေါ်ဆင်ကပဲ ဝက်စ်ဘရွန်းအသင်းအတွက် ချေပဂိုးသွင်းယူပြီး ၁ ဂိုးစီ သရေကျသွားခဲ့တာပါ။ ဒုတိယနေရာက စပါးရဲ့ သရေရလဒ်ကြောင့် ပထမနေရာနဲ့ ဒုတိယနေရာက အသင်းနှစ်သင်းကြား ၇ မှတ် ကွာဟသွားပြီး လက်ကျန်သုံးပွဲမှာ တပွဲနိုင်ရုံနဲ့ လက်ဆက်စတာအသင်းဟာ ချန်ပီယံ ဖြစ်လာတော့မှာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ လက်ဆက်စတာအသင်းက ၇၆ မှတ်နဲ့ ပထမ၊ စပါးက ၆၉ မှတ်နဲ့ ဒုတိယ၊ မန်စီးတီးနဲ့ အာဆင်နယ်တို့က ၆၄ မှတ်စီရရှိထားပြီး တတိယနဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
5 years Ago
Up