တောမီးလောင်ကျွမ်းမှု

May 19, 2019

တောမီးလောင်ကျွမ်းမှု အန္တရာယ်ကြားက ငှက်ကျားဖြူမိသားစု (ရုပ်သံ)

လယ်ကွင်းတခုကို တောမီးလောင်ကွင်းစဉ် အဲ့ဒီလယ်ကွင်းက တိုင်တခုမှာ အသိုက်လုပ်နေထိုင်တဲ့ အရှေ့တိုင်း ငှက်ကျားဖြူတကောင်ရဲ့ တုံ့ပြန်မှုပုံရိပ်တွေကို စီစီတီဗွီကင်မရာကနေ အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ရုရှားနိုင်ငံရဲ့ အရှေ့ဖျားပိုင်းဒေသတခုမှာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ဒီငှက်ကျားမိခင်ကြီးရဲ့ နေထိုင်ပုံကို စောင့်ကြည့်ဖို့ ဒီစီစီတီဗွီကင်မရာကို ရုရှားတောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့က တပ်ဆင်ထားတာဖြစ်ပြီး အဲ့ဒီချိန်မှာ ငှက်သိုက်ရှိတဲ့ လယ်ကွင်းမှာ တောမီးလောင်ကျွမ်းခဲ့တာပါ။ ဒါပေမယ့် ဒီတောမီးက ငှက်ကျားမိသားစုအတွက် တစုံတရာ ဆိုးကျိုးဖြစ်ပွားခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့မှာ အသိုက်ထဲက ဥလေးလေးလုံးကနေ ငှက်ကလေးလေး ကောင် ပေါက်လာခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အရှေ့တိုင်း ငှက်ကျားဖြူဟာ မျိုးတုံးတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်တွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ လက်ရှိအချိန်မှာ ရုရှားနိုင်ငံအတွင်း တောမီးလောင်ကျွမ်းမှုပေါင်း အနည်းဆုံး ၄၉ ခု ဖြစ်ပွားနေပြီး စုစုပေါင်း တောမီးဧရိယာဟာ ဧကပေါင်း ၇၂၀၀၀ လောက်ရှိတယ်လို့ ရုရှားနိုင်ငံရဲ့ သစ်တောဌာနက ပြောပါတယ်။
2 years Ago
Up