တောင်အာရှနိုင်ငံ

July 27, 2019

တောင်အာရှနိုင်ငံများတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိပြီ

တောင်အာရှနိုင်ငံတွေမှာ မုတ်သုံရာသီအတွင်း မိုးကြီး ရေလျှံတာကြောင့် သေဆုံးသူ ၃၀၀- ကျော်သွားပြီလို့ သိရပါတယ်။ ဒီထဲမှာ ပျောက်ဆုံးသူတွေ ရာချီရှိတာကြောင့် သေဆုံးသူ အရေအတွက် ဒီထက်တိုးလာမယ် မျှော်လင့်ထားပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ပူပြင်းခြောက်သွေ့တဲ့ ကန္တာရပြည်နယ် ရာဂျစ်စသန်မှာ ဇူလိုင် ၂၆ ရက်က  ရေကြီးနေပါတယ်။ ပုံမှန်အားဖြင့် အပူချိန် အမြင့်မားဆုံးအချိန်မှာ မိုးဆက်တိုက်ရွာတာကြောင့် ရဲစခန်းနဲ့ လူနေရပ်ကွက်တွေထဲ ရေကြီးနေတာပါ။ ဇူလိုင် ၂၅ ရက်က အာသံပြည်နယ်မှာ မိုးအကြီးအကျယ် ရွာပြီးနောက် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ညလုံးပေါက် ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက မိုးကြီးတာ ခေတ္တရပ်ခဲ့ပြီးနောက် အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ ရေကျသွားခဲ့ပါတယ်။ ဒါပေမဲ့ နေ့စဉ်မိုးရွာတာကြောင့် ဒေသတွင်း ရေပြန်ကြီးမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
2 years Ago
Up