တောင်ကာရိုလိုင်းနားပြည်နယ်တွင် ဟီလာရီက ဆန်းဒါးစ်ကို အနိုင်ရ

February 28, 2016

တောင်ကာရိုလိုင်းနားပြည်နယ်တွင် ဟီလာရီက ဆန်းဒါးစ်ကို အနိုင်ရ

တောင်ကာရိုလိုင်းနားပြည်နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းကို ရွေးချယ်ရာမှာ ဟီလာရီ ကလင်တန်က ဘာနေး ဆန်းဒါးစ်ကို အနိုင်ရရှိသွားပါတယ်။ ဒါကြောင့် အခုဆိုရင် နိုဝင်ဘာလ ၈ ရက်နေ့ သမ္မတ ရွေးကောက်ပွဲကျရင် ဟီလာရီ ကလင်တန်ဟာ ဒီမိုကရက်ပါတီရဲ့ သမ္မလောင်း ဖြစ်လာဖို့အတွက် ပိုပြီး အားကောင်းလာပါတယ်။ အရင် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကို တောင်ကာရိုလိုင်းနားမှာ ရှိတဲ့ လူမည်းတွေက တခဲနက် ထောက်ခံတာကြောင့် ပြတ်ပြတ်သားသားပဲ အနိုင်ရခဲ့တယ်လို့ ရုပ်မြင်သံကြားသ တင်းတွေက ဆိုပါတယ်။ အခုအထိ ပြည်နယ် လေးခုမှာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ရွေးချယ်ပွဲတွေ ကျင်းပခဲ့ပြီး ဟီလာရီက ပြည်နယ် ၃ ခုမှာ အနိုင်ရရှိထားပါတယ်။ ကိုလံဗီယာမြို့မှာ ဟယ်လာရီက မိန့်ခွန်းပြောကြားရမှာတော့ အမေရိကန်တွေ ညီညွတ်မယ်ဆိုရင် အတားအဆီး အားလုံးကို ကျော်လွှားနိုင်တယ်လို့ ပြောပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ အထက်လွှတ်တော်အမတ် ဆန်းဒါးစ်ကလည်း အရှုံးကို ၀န်ခံပါတယ်။ ဒီမိုကရက်ပါတီတွင်း ရွေးကောက်ပွဲက အခုဆိုရင် ကျယ်ပြန်လာပြီး မတ် ၁ ရက်နေ့ကျရင် ရွေးကောက်ပွဲ ကျင်းပဖို့ရှိတဲ့  ပြည်နယ် ၁၁ ခုမှာ ဟယ်လာရီကပဲ အပြတ်အသတ် ဦးဆောင်နေတာကို အကြိုစစ်တမ်းတွေက ပြသနေပါတယ်။
5 years Ago
Up