ဆွေးနွေးပွဲ ကျင်းပ

October 19, 2018

ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်ဆွေးနွေးပွဲကို ရန်ကုန်မြို့ Green Hill Hotel မှာ အောက်တိုဘာ ၁၉ နေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။ ကျား -မ တန်းတူရေး ဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်ဆွေးနွေးပွဲကို အမျိုး သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကနေ ဦးဆောင်ပြုလုပ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်စာတမ်းကိုလည်း ဖြန့်ဝေခဲ့ပါတယ်။ ဆွေးနွေးပွဲကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်စူဇန်နာ လှလှစိုး၊ ABSDF က မိဆူးပွင့် နဲ့ SNLD က နန်းမြဦးတို့ကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ပြီး အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့ပြီး ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူ ၄ ချက်ကိုချမှတ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အချက်တွေဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ပြောပါတယ်။ အဲဒီအခြေခံမူတွေဟာ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ရေးနဲ့ ကျားမတန်းတူတွေကို ဖော် ဆောင်ရေးအတွက် လုံလောက်တဲ့ ထိရောက်မှု မရှိသေးဘူးလို့ ဆွေးနွေးတဲ့သူတွေက ပြောသလို သုံးသပ်ချက်စာတမ်းထဲမှာလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောပါတယ်။
3 years Ago

October 12, 2018

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့ Parkroyak မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ (MCC)၊ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ် (UN – Habitat)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေး ဦးစီးဌာနတွေဖြစ်တဲ့ ရန်ကုန်တိုင်းအစိုးရ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့က ပူးပေါင်းကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံက ရာသီဥတုပြောင်းလဲမှုနဲ့ ဘေးအန္တရာယ်တွေကြောင့် ထိခိုက်နိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီအလုပ်ရုံဆွေးနွေးပွဲကနေ ရရှိမယ့် ရလဒ်တွေကနေ ရာသီဥတု လိုက်လျောညီထွေမှုရှိအောင် လုပ်ဆောင်နိုင်ဖို့အတွက် အထောက်အကူတွေ ရရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သဘာဘေးအန္တရာယ်အတွက် ၂၀၁၇ -၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ၊ ၂၀၁၆ -၁၇ မှာ ၃.၃ ဘီလီယံနဲ့ ၂၀၁၅ ခုနှစ်မှာတော့ ၁.၄ ဘီလီယံကို  ပြည်ပအကူအညီတွေယူပြီး လုပ်ဆောင်ခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦး စီးဌာနက ပြောပါတယ်။
3 years Ago
More News
Up