ဂျော်ဂျီယာ

July 21, 2019

ဂျော်ဂျီယာ ကမ်းခြေတွင် သောင်တင်နေသည့် ဝေလငါး ၅၀ ခန့် ရေထဲပြန်ပို့ (ရုပ်သံ)

ဂျော်ဂျီယာနိုင်ငံ စိန့်ဆိုင်မွန်ကမ်းခြေတနေရာမှာ လာရောက်သောင်တင်နေတဲ့ ဝေလငါးများစွာကို ကမ်းခြေလာရောက်သူတွေက ရေနက်ပိုင်းထဲ ပြန်လွှတ်ပေးခဲ့ကြပါတယ်။ စိန့်ဆိုင်မွန်ကျွန်းအနားမှာရှိတဲ့ ရေနက်ပိုင်းထဲကို ဝေလငါးအကောင် ၅၀ လောက်က ပြန်လည်ရောက်ရှိသွားခဲ့ပေမယ့် ငါးသုံးကောင်ကတော့ သေဆုံးသွားခဲ့ရတယ်လို့ နိုင်ငံရဲ့ သဘာဝသယံဇာတဆိုင်ရာ ဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ ဗွီဒီယိုဖိုင်တခုမှာလည်း ကမ်းခြေကို လာရောက်အပန်းဖြေသူတွေက ဝေလငါးတွေကို ကမ်းခြေကနေ ရေထဲတွန်းပို့နေတာ မြင်တွေ့ရပါတယ်။ “လာရောက်အပန်းဖြေသူတွေက ဝေလငါးတွေကို ရေထဲပြန်ပို့ဖို့ တွန်းပြီးတော့တမျိုး၊ ဆွဲပြီးတော့တမျိုး ကြိုးစားခဲ့ရပါတယ်။ ငါးတွေဟာလည်း ရေနက်ပိုင်းထဲ ပြန်ရောက်ဖို့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်” လို့ ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။ ပိုင်းလော့ဝေလငါးတွေဟာ မကြာခဏဆိုသလို သောင်တင်လေ့ရှိပြီး ပြီးခဲ့တဲ့ နှစ်တုန်းကလည်း နယူးဇီလန် ကမ်းခြေတခုမှာ ၁၄၅ ကောင် လာရောက်သောင်တင် နေခဲ့ဖူးပါတယ်။ ရုပ်သံ - စီဂျီတီအန်
2 years Ago

July 10, 2019

ဂျော်ဂျီယာကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ရန် တိုက်တွန်းသည့် ရုရှားလွှတ်တော် ဆုံးဖြတ်ချက် ပူတင် မထောက်ခံ

ဂျော်ဂျီယာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ဖို့ တိုက်တွန်းတဲ့ ရုရှားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို မထောက်ခံဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဇူလိုင် ၉ ရက် ရုပ်သံမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ ဂျော်ဂျီယာအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို အင်္ဂါနေ့က ရုရှားလွှတ်တော်မှာ တညီတညွတ်တည်း အတည်ပြုခဲ့ကြပါတယ်။ ရုရှားနဲ့ ဂျော်ဂျီယာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပြည့်ပြည့်ဝဝ ပြန်ကောင်းဖို့ ကြိုးစားနေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုရှုပ်ထွေးစေမယ့် ပိတ်ဆို့ဒဏ်ခတ်တာတွေ လုပ်မှာမဟုတ်ဘူးလို့ ပူတင်က ပြောခဲ့တာပါ။ ဇွန်လက ရုရှားအမတ်တယောက် ဂျော်ဂျီယာလွှတ်တော်ကို လာလည်ခဲ့အပြီး ဂျော်ဂျီယာမြို့တော် တီဘလီစီမှာ ရုရှားဆန့်ကျင်ရေး ဆန္ဒပြသူတွေကြောင့် မငြိမ်မသက် ဖြစ်ခဲ့တာပါ။ အဲဒီအတွက် ရုရှားနဲ့ ဂျော်ဂျီယာတို့ အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ရုရှားသမ္မတ ပူတင်ကာ ဂျော်ဂျီယာနိုင်ငံကို ပျံသန်းမယ့် ရုရှားလေကြောင်းခရီးစဉ်တွေကို ဇူလိုင် ၈ ရက်နေ့က စတင်ရပ်ဆိုင်းလိုက်ပြီး ဂျော်ဂျီယာနိုင်ငံထဲမှာ ရှိပြီးသား ရုရှနိုင်ငံသားတွေကို ပြန်ခေါ်ဖို့လည်း ပူတင်က အစိုးရကို အမိန့်ထုတ်ထားပါတယ်။
2 years Ago
More News
Up