ခွေးလိမ္မာလေး

January 8, 2019

သခင်ကိုတွေ့ရန် မိုင်ရာချီခရီးနှင် စွန့်စားကြိုးပမ်းရှာဖွေခဲ့သည့် ခွေးလိမ္မာလေး ရုပ်ရှင် - A Dog’s Way Home (နမူနာ)

ဟောလိဝုဒ် စွန့်စားမှုအသားပေး မိသားစုဒရာမာ အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် A Dog’s Way Home ရုပ်ရှင်ကားကို လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Sony, Columbia Pictures နဲ့ Bona Film Group တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် သရုပ်ဆောင် ဒါရိုက်တာ Charles Martin Smith က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ လူသားတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကြားက ချစ်ခြင်းမေတ္တာ၊ ခွဲခွာနေထိုင်ရချိန်မှာ ခံစားရတဲ့ ခံစားချက်၊ စွန့်စားမှုတွေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ခွေးလိမ္မာမလေး Bella ရဲ့ စွန့်စားခန်းခရီးကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ သူဟာ သခင်ဖြစ်တဲ့ ဆေးကျောင်းသားလေး Lucas ကို တကယ့်ကို ရင်းရင်းနှီးနှီးချစ်ခင်ပြီး ရုတ်တရက်ပဲ သခင်ဖြစ်သူနဲ့ ခွဲခွာရချိန်မှာ ဘယ်လိုမှ မနေနိုင်တော့ဘဲ မိုင် ၄၀၀ ကျော်ခရီးကို ခြေဆန့်ပြီး ရှာပုံတော်ဖွင့်ခဲ့တဲ့ အကြောင်းကို ဒီရုပ်ရှင်ကားထဲမှာ တင်ဆက်ထားတာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Ashley Judd, Edward James Olmos, Alexandra Shipp တို့နဲ့အတူ သရုပ်ဆောင် မင်းသမီး Bryce Dallas Howard က ခွေးမလေး Bella နေရာကနေ အသံနဲ့ ထူးထူး ခြားခြား ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့အကြောင်းအရာ တွေက ကလေးတွေအတွက် မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှု သင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။
2 years Ago

September 26, 2018

ရေခဲပြင်စကိတ်စီးကျွမ်းကျင်သည့် ခွေးလိမ္မာလေး အွန်လိုင်းပေါ်နာမည်ကြီးနေ (ရုပ်သံ)

လူတိုင်း မလုပ်နိုင်တဲ့ ရေခဲပြင်စကိတ်စီး အားကစားကို အိမ်မွေးခွေးလေးတကောင်က ကျွမ်းကျွမ်းကျင်ကျင် စွမ်းရည်ပြသနိုင်တယ်ဆိုတာ တကယ့်ကို ထူးခြားအံ့ဖွယ်ပါပဲ။ ဘင်နီလို့ အမည်ပေးထားတဲ့ ဒီခွေးကလေးဟာ လက်ဘရေဒေါအမျိုးအစား ခွေး ကလေးတကောင်ဖြစ်ပြီး ၅ နှစ်သားအရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ခုလို အံ့သြစရာကောင်းတဲ့ ရေခဲပြင်စကိတ်စီးစွမ်းရည်ရရှိဖို့ကိုတော့ အချိန် ၁ နှစ် လောက်ကြာအောင် သခင်ဖြစ်သူဆီက လေ့ကျင့်သင်ကြားခဲ့ရတာပါ။ အသက် ၅၆ နှစ်အရွယ် သခင်ဖြစ်သူ ရေခဲပြင်စကိတ်စီးနည်းပြဟောင်းတဦး ဖြစ်တဲ့ ချယ်ရယ်ဒဲလ်ဆန်ဂရိုကတော့ ခွေးကလေး ဘင်နီရဲ့ အသက် ၂ လသားအရွယ်ကတည်းက မွေးစားခဲ့တာလို့ ပြောပါတယ်။ အဲဒီနောက်တော့ ဘင်နီဟာ သူ့ရဲ့ ကျောင်းသားသစ်ဖြစ်လာခဲ့ပြီး လာ့စ်ဗေးဂက်စ်မြို့မှ ရေခဲပြင်လေ့ကျင့်ကွင်းမှာ ပုံမှန်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘင်နီရဲ့ ချစ်စဖွယ် လေ့ကျင့်လှုပ်ရှားမှုတွေကို အံ့သြ စရာကောင်းလောက်အောင် ရှုစားကြရမှာ ဖြစ်ပါတယ်။ ချယ်ရယ်က “ဘင်နီဟာ တကယ့်ကို ပျော်ရွှင်တက်ကြွတဲ့ ခွေးလေးပဲ။ သူက စွန့် စားရတာကြိုက်တယ်။ အမြဲသင်ယူဖို့ အသင့်ဖြစ်နေတာ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ခွေးလိမ္မာလေး ဘင်နီရဲ့ ရေခဲပြင်စကိတ်စီးလေ့ကျင့်တဲ့ ရုပ်သံဗွီဒီ ယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။
3 years Ago
Up