ခွေးကလေး

June 1, 2018

စန္ဒယားတီး သီချင်းဆိုသည့် ချစ်စဖွယ် ခွေးကလေး (ရုပ်သံ)

ဂီတတူရိယာတခုခုတီးခတ်တာတွေ၊ သီချင်းဆိုတာတွေဟာ သာမန်လူသားတွေ အဖို့တောင် ခက်ခဲမှာ ဖြစ်ပေမယ့် ဒီချစ်စရာကောင်းတဲ့ ခွေးကလေးကတော့ အံ့သြစရာ ကောင်းအောင် စွမ်းရည်ပြသနိုင်ခဲ့ပါတယ်။ အဲဒီခွေးကလေးရဲ့ အမည်ကိုတော့ ဘတ်ဒီလို့ သိရပြီး သူ့ရဲ့ သီချင်းသီဆို စန္ဒ ယားတီးတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ စီဂျီတီအန်သတင်းဌာနရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘတ်ဒီဟာ နောက်ခြေ ၂ ဘက်ကို ထောက်ထားပြီး ရှေ့လက် ၂ ဘက်ကတော့ စန္ဒရားခလုတ်ခုံတွေပေါ်မှာ တီးခတ်ကာ သီချင်းသီဆိုဟန်နဲ့ အော်နေခဲ့တာကို တွေ့ရမှာပါ။ အဆိုပါ ရုပ်သံဗွီဒီယိုဖိုင်ဟာ နာရီပိုင်းအတွင်းမှာ ၀င်ရောက်ကြည့်ရှုကြတဲ့ ပရိသတ် ၉ သောင်း ၅ ထောင်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘတ်ဒီဟာ အမေရိကန်နိုင်ငံမှ စွန့်ပစ်ခံခွေးကလေးတကောင်ဖြစ်ပြီး သခင့်မိသားစုဆီ ၂၀၁၆ ခုနှစ်တည်းက ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။ ချစ်စရာကောင်းတဲ့ သူ့ရဲ့ အပြုအမူတွေကြောင့် Americas Funniest Home Videos ပေ့ခ်ျမှာ နာမည်ကြီးနေခဲ့တာဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင်ယူကျုဘ်ချန်နယ်လ်ဟာလည်း ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
3 years Ago

March 15, 2018

ရေနစ်သေသွားသည့်သခင်ကို တူးမြောင်းဘေးတွင် စောင့်နေခဲ့သည့် သစ္စာရှိခွေးကလေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အပြင်ဘက် တူးမြောင်းဘေးမှာ အမျိုးသားတဦးရဲ့ အလောင်းကို ကယ်ဆယ်ရေးတွေ မတ်လ ၁၁ ရက် ညနေက ဆယ်ယူချိန် သေဆုံးသွားတဲ့ သူ့သခင်ကို ခွေးလေးတကောင်က စိတ်ရှည်လက်ရှည် စောင့်နေခဲ့ပါတယ်။ စမွတ်စခွန်ခရိုင်က ပါစီချရွန်း တူးမြောင်းဘေးမှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားရဲ့ဖိနပ်ကို အိမ်နီးချင်းတွေက မြောင်းဘေးမှာတွေ့ပြီး ဒီလူ မြောင်းထဲပြုတ်ကျသွားတာဖြစ်မယ်လို့ ယူဆကာ ကယ်ဆယ်ရေးတွေကို ခေါ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအမျိုးသားကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်တင်နေချိန်မှာ ရေထဲပြုတ်ကျသူရဲ့ ခွေးလေးလည်း ရေထဲကနေ သခင်ပေါ်အလာကို စိတ်ရှည်ရှည် စောင့်နေခဲ့တာပါ။ အဲဒီအမျိုးသားဟာ စုမ်ချိုင်ပူစူဝန်ဆိုသူ ထရပ်ကားမောင်းသမားတဦးဖြစ်ပြီး သူ့အလောင်းကို ရှာတွေ့ဖို့ မိနစ် ၃၀ ကြာခဲ့တယ်လို့ တီနယူးစ်သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ စုမ်ချိုင်ရဲ့ အစ်ကိုဖြစ်သူက မတ်လ ၁၀ ရက်ညက သူနဲ့ နောက်ဆုံး စကားပြောခဲ့ကြတယ်လို့ဆိုပြီး အိမ်နီးချင်းတွေကတော့ သူ့ကို အဲဒီနေ့ကတည်းက မတွေ့တော့ဘူးလို့ ပြောပါတယ်။ စုမ်ချိုင်ဟာ ငှားထားတဲ့အိမ်မှာ တဦးတည်းနေပြီး ရက်ရောသဘောကောင်းတဲ့လူ ဖြစ်ပေမယ့် တခြားခရိုင်မှာနေတဲ့ ဇနီးနဲ့ ကလေးတွေကို လွမ်းပြီး ညတိုင်းလိုလို အရက်သောက်တတ်တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။ မြောင်းဘေးမှာ စုမ်ချိုင်ရဲ့ခွေးလေးနဲ့ သူ့ဖိနပ်ကို တွေ့ပြီး အိမ်နီးချင်းတွေက ကယ်ဆယ်ရေးကို ခေါ်ခဲ့ကြတာပါ။ စုမ်ချိုင် အရက်မူးပြီး မြောင်းထဲပြုတ်ကျတာလို့ အိမ်နီးချင်းတွေက ယူဆနေကြပြီး သူ့အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ရာဇဝတ်မှု ဆေးဘက်ဆိုင်ရာဌာနကို ပို့လိုက်ပါတယ်။ သနားစရာခွေးလေးကိုတော့ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေက ထိန်းသိမ်းစောင့်ရှောက်နိုင်တယ်လို့ ကိုကိုးနပ်စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up