ချောက်မြို့တွင် လွတ်​လပ်​​​ရေး​နေ့ မီနီမာရသွန်​အပြေးပြိုင်ပွဲ ကျင်းပမည်

January 3, 2019

ချောက်မြို့တွင် လွတ်​လပ်​​​ရေး​နေ့ မီနီမာရသွန်​အပြေးပြိုင်ပွဲ ကျင်းပမည်

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို့မှာ ၇၁ နှစ်​​မြောက်​ လွတ်​လပ်​​ရေး​နေ့ အထိမ်းအမှတ်​ မီနီမာရသွန်​ အ​ပြေးပြိုင်​ပွဲကို ဇန်​နဝါရီ ၄ရက်​ မနက်​ ၆နာရီမှာ  ကျင်းပဖို့ရှိနေပါတယ်။ ပြိုင်​ပွဲကျင်းပ​ရေး ​ကော်​မတီ ဥက္ကဋ္ဌ မြို့​တော်​ဝန်​ ဦး​ကျော်​ဝင်း “မြို့နယ်​လုံးအဆင့်​အ​နေနဲ့ ပျောက်ဆုံးခဲ့တာ ဆယ်​စုနှစ်​ နှစ်ခု​ကျော်​ခဲ့ပြီးမှ အခုနှစ်​မှာ ပထမဆုံး ပြန်​လည်​ ကျင်းပဖြစ်​တာပါ။ အခုအ​ခြေ​အနေကလည်း မြို့မိမြို့ဖ အလှူရှင်​​တွေနဲ့ ပူးပေါင်းပြီး လုပ်​ရတာ၊ ​နောက်​လာမယ့်နှစ်​မှာ တာ​ဝေးမာရသွန်​ကြီး ပြန်​လည်​ဖြစ်​​မြောက်​​အောင်​ ​ကြိုးပမ်းပြီး အဲဒီအချိန်​ကြရင်​ ဆုကို ထိုက်​ထိုက်တန်​တန်​ရ​အောင်​ပထမဆုကို ဆိုင်​ကယ်​တ​စီး​လောက်​ ​ပေးနိုင်​​အောင်​ ကြိုးစားသွားမယ်​” လို့ ပြောပါတယ်။ အားကစားသမားကောင်း​တွေ ပြန်​လည်​​ပေါ်ထွန်းလာ​စေဖို့နဲ့ လူငယ်​​တွေ စိတ်​​လေပြီးမူးယစ်​​ဆေးဝါးသုံးစွဲတာ၊ လက်ဖက်ရည်​​ဆိုင်​ထိုင် အချိန်ဖြုန်းနေတာတွေ လျှော့နည်း လာ​အောင်​ ရည်ရွယ်ကျင်းပတာလို့လည်း ဆိုပါတယ်။ အပြေးပြိုင်ပွဲဝင်မယ့်သူတွေရဲ့ အသက်​ကိုလည်း  ၁၂နှစ်​က​​နေ ပါဝင်​ခွင့်​​ပေးထားပြီး အသက် ၁၂ က​နေ ၁၅နှစ်​အတွင်း ပြိုင်​ပွဲပါဝင်​ချင်​သူတွေ မိဘအုပ်​ထိန်းသူ ခွင့်​ပြုချက်​နဲ့ လာ​ရောက်​ စာရင်း ပေးနိုင်ပါတယ်​။ အဆိုပါ မီနီမာရသွန်​​ပြေးပွဲကို အမျိုးသား ၁၀ မိုင်​ တပွဲ၊ အမျိုးသမီး ၇ မိုင်​ တ​ပွဲ နှစ်​ပွဲ ကျင်းပဖို့ စီစဉ်​ထားပါတယ်​။ အမျိုးသားတွေက မိုင်​တိုင်​အမှတ်​ ၃၉၆ ကနေ စတင်တာလွှတ်​ပြီး အမျိုးသမီးတွေကတော့ မိုင်တိုင်  ၃၉၉ မှတာလွှတ်​ကာ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးရုံး​ရှေ့မှာ ပန်းဝင်​ရမှာပါ​။ ဆု​တွေအ​နေနဲ့ က​တော့ အမျိုးသား ၁၀ မိုင်​ ​ပြေးပွဲကို ပထမ ဆု ၃ သိန်း၊ ဒုတိယ ၂ သိန်း၊ တတိယ ၁ သိန်း၊ စတုတ္ထ ၅ ​သောင်း၊ ပဉ္စမ ၃ ​သောင်းနဲ့ ဆဋ္ဌမ မှ ဒသမ အထိ ပန်းဝင်​သူ ၁ ​သောင်းနဲ့ သတ်​မှတ်​ချိန်​အတွင်းပန်းဝင်​သူ ၅ ​ထောင်​ကျပ်​စီ ချီးမြှင်မှာပါ။ အမျိုးသမီး ၇ မိုင်​​ပြေးပွဲကိုလည်း ပထမ ကျပ်၂ သိန်း၊ ဒုတိယ ၁ သိန်းခွဲ၊ တတိယ ၁ သိန်း၊ စတုတ္ထ ၃ ​သောင်းနဲ့ ပဉ္စမ ၂ ​သောင်း၊ ဆဌမ မှ ဒသမအထိနဲ့ သတ်​မှတ်​ချိန်​အတိုင်းပန်းဝင်​သူ ​တွေကို​လည်း ဆုတွေ ပေးအပ်​သွားဖို့ ရှိပါတယ်​။ အရင်​နှစ်​ကလည်း မြို့ချစ်​သူ ပရဟိတအသင်းဦး​ဆောင်​မှုနဲ့ မီနီမာရသွန်​​ပြေးပွဲ ကျင်းပခဲ့ပြီး အပြေးသမား ၆၈ဦး ပါဝင်​ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုနှစ်​အတွက်​ တော့ စာရင်း​ပေးထားသူ ကျား ၃၀ နဲ့ မ ၄ ဦးသာ ရှိ​ပါသေးတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up