ကျောက်တောင်အစွန်းကြား ပိတ်မိနေသည့် မူလတန်းကျောင်းသား ၄ ဦးကို ကယ်တင်

May 3, 2016

ကျောက်တောင်အစွန်းကြား ပိတ်မိနေသည့် မူလတန်းကျောင်းသား ၄ ဦးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှ မူလတန်းကျောင်းသား ကလေးငယ် ၄ ဦးဟာ ဧပြီ ၃၀ ရက်နေ့က မတ်စောက်တဲ့ ကျောက်တောင်အစွန်းကြားမှာ ပိတ်မိနေခဲ့လို့ ကယ်ဆယ်ရေးသမားတွေက အရေးပေါ် ကယ်တင်ခဲ့ရပါတယ်။ အဆိုပါကျောင်းသားကလေးငယ်တွေဟာ တရုတ်နိုင်ငံ၊ နင်ရှားဟွီ စိရင်စုနယ်မြေထဲက ကျောက်တောင်တခုဆီ တက်ခဲ့ကြပြီးနောက် အမြင့်မီတာ ၃၀ လောက်မှာ ကျောက်တောင်စွန်းကြား ပိတ်မိနေခဲ့တဲ့အတွက် ခုလို ကယ်တင်ခဲ့ရတာပါ။ စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ ကျောက်တောင်အစွန်းဆီ တက်ခဲ့ပြီး ကြိုးတွေအသုံးပြုကာ အဆိုပါကလေးငယ်တွေကို လွတ်မြောက်နိုင်ဖို့ ကူညီပေးခဲ့ကြတာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ကံကောင်းထောက်မစွာပဲ ကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပြီး အချိန် ၁ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီနောက်မှာတော့ ဒေသတွင်း ရဲအရာရှိတွေက ကျောင်းသားကလေးငယ်တွေ အနေနဲ့ ကျောက်တောင်အစွန်းတွေ၊ ဂူတွေမှာ ကစားတာတွေ မလုပ်သင့်ဘူးလို့ သတိပေးခဲ့ပါတယ်။
5 years Ago
Up