ဧ၀ရတ်တောင်ထိပ်ရောက်ခဲ့သည့် မြန်မာ ၂ ဦး မနက်ဖြန်တောင်ခြေ ပြန်ရောက်မည်

May 19, 2016

ဧ၀ရတ်တောင်ထိပ်ရောက်ခဲ့သည့် မြန်မာ ၂ ဦး မနက်ဖြန်တောင်ခြေ ပြန်ရောက်မည်

ဧ၀ရတ်တောင်ထိပ်ရောက် မြန်မာတောင်တက်အဖွဲ့ဝင် ၂ ဦးဟာ တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး မနက်ဖြန်မှာ တောင်ခြေရှိ Base Camp ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီနေ့ နေ့လယ် ၁ နာရီကျော်ရင်တော့ မီတာ၆၀၀၀ အထက်တောင်ပေါ်မှာ နှင်းတအားကျမယ်လို့ weather forecast က ခန်းမှန်းထားပါတယ်။ အခုလက်ရှိအခိျန်မှာ မြန်မာ Everest summit team က ကိုဝင်းကိုကိုနဲ့ ကိုပြည့်ဖြိုးအောင်တို့ဟာ ပြန်အဆင်းခရီးမှာ south summit ကို ကျော်လွန်ဆင်းသက်ပြီးဖြစ်လို့ ဒီနေ့ Camp-2 ကို အချိန်မီဘေးကင်းစွာ ဆင်းသက်နိုင်မည့် timeframe အတွင်းမှာ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် မနက်ဖြန်မှာ မြန်မာ့လူချွန်လူကောင်း တောင်တက်သမားနှစ်ဦးဟာ Camp-2 ကနေ base camp ကို ပြန်ဆင်းလာနိုင်ချေ ရှိပါတယ်။ ဧ၀ရတ်တောင်ဟာ မီတာ ၈၈၄၈ မီတာမြင့်ပြီး ကမ္ဘာ့အမြင့်ဆုံး တောင်လည်း ဖြစ်ပါတယ်။
5 years Ago
Up