ဧရာဝတီတိုင်း

April 17, 2021

ဧရာဝတီတိုင်းတွင် အကျဉ်းသား ၁၀၈၀ လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာ

ဧရာဝတီတိုင်းမှာရှိတဲ့ အကျဥ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေက အကျဥ်းသား အကျဥ်းသူ အယောက် ၁၀၈၀  ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပုသိမ်အကျဥ်းထောင်က ၃၅၅ ဦး၊ မြောင်းမြအကျဥ်းထောင်က ၁၉၉ ဦး၊ ဟင်္သာတအကျဥ်းထောင်က ၁၂၄ ဦး၊ ဆားမလောက်ရဲဘက်စခန်းက ၁၄၄ ဦးနဲ့ ကျန်တဲ့အကျဥ်းထောင်တွေမှာ အယောက် ၁၀၀ အောက်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အကျဥ်းထောင်နဲ့ ရဲဘက်စခန်းက အကျဥ်းကျခံနေရသူတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (ခ)အရ လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်ပြန်ပြစ်မှုကျူးလွန်ရင်တော့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ပြန်ခံရမယ်လို့ ဆိုပါတယ်။

နိုင်ငံတဝှမ်းမှာရှိတဲ့ အကျဥ်းထောင်တွေထဲက အကျဥ်းသူ အကျဥ်းသား ၂၃၄၀၇ ဦးကို မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ MRTV က ကြေညာထားပါတယ်။

3 weeks Ago

April 16, 2021

ဧရာဝတီတိုင်းက လူငယ်များစုပေါင်းပြီး Ayeyarwaddy Federal Army စတင်ဖွဲ့စည်း

ဧရာဝတီတိုင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့လူငယ်တွေစုပေါင်းပြီး Ayeyarwaddy Federal Army   (ဧရာဝတီဖက်ဒရယ်လက်နက်ကိုင်တပ်ဖွဲ့)ကို  ဧပြီ ၁၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တယ်လို့ ပါဝင်သူ ၁ ဦးက တည်ပြုပြောပါတယ်။

တိုင်းအတွင်းကလူငယ်တွေနဲ့ အလွှာပေါင်းစုံက ပညာရှင်တွေပူပေါင်းပြီး ခုလို ဖွဲ့စည်းလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

"အဓိကတော့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သတ်နေတာကို ကာကွယ်နိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့ တည်ထောင်တာ''လို့ ပါဝင်သူ လူငယ် ၁ ဦးက ပြောပါတယ်။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းစေဖို့နဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်သတ်နေတဲ့ စစ်တပ်ကို တိုင်းရင်းသားညီနောင်တွေနဲ့အတူ စုပေါင်းတော်လှန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ကို တော်လှန်ချင်တဲ့ လူငယ်တွေအနေနဲ့လည်း Ayeyarwaddy Federal Army ရဲ့ မြို့နယ်အသီးသီးက တာဝန်ခံတွေကို ဆက်သွယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

3 weeks Ago
More News
Up