ဧည့်စာရင်းစစ်

September 22, 2021

မန္တလေးတွင် ဧည့်စာရင်းစစ်ရင်း လူငယ် ၂ဦးဖမ်းဆီးခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် ၄၅ လမ်းနဲ့ ၄၆ လမ်းကြား၊ ၁၀၇ လမ်း နဲ့ ၁၀၈ လမ်းကြားမှာ ဧည့်စာရင်းစစ်ရင်း လူငယ်  ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

စက်တင်ဘာ ၂၁ ရက် ညပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဧည့်စာရင်းစစ်ခဲ့ပြီး  နေအိမ်တစ်အိမ်မှာ  ကာကွယ်ရေး ပစ္စည်းတချို့ တွေ့တာကြောင့် အိမ်ရှိလူငယ်ကို ဖမ်းခေါ်သွားတာလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

“ညက ရပ်ကွက်ထဲ ဧည့်စာရင်းစစ်တယ်။ ဧည့်စာရင်း စစ်ရင်း အရင် ဆန္ဒပြတဲ့ အချိန်တုန်းက သုံးခဲ့တဲ့ Vest တွေ တွေ့လို့ ဖမ်းသွားတာလို့ ပြောတယ်။ အခုထိ ဖမ်းထားကြတုန်းပဲ။ နောက်တစ်ယောက်ကတော့ ဧည့်စာရင်းမတိုင်လို့ ဖမ်းသွားတာ”။

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ညပိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးတာတွေ၊ ဧည့်စာရင်းစစ်တာတွေ လုပ်နေကြပါတယ်။

5 days Ago

September 9, 2021

မင်္ဂလာဒုံတွင် စစ်​တပ်က ဧည့်စာရင်းစစ်ပြီး လူငယ်အချို့ကိုဖမ်းဆီး၊ ခြောက်လှန့်ပစ်ခတ်

မင်္ဂလာဒုံမြို့နယ်အတွင်း စက်တင်ဘာ ၈ ရက်ညက စစ်ကောင်စီတပ်က ဧည့်စာရင်းလိုက်စစ်ပြီး လူငယ်အချို့ကို ဖမ်းဆီးတဲ့အပြင် သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမဘေးရှိ ရပ်ကွက်အချို့ဆီ ဒလန်တွေရဲ့ ဦးဆောင်လမ်းပြမှုနဲ့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ 

"ည ၁၁ လောက်က သေနတ်အကြောင်းမဲ့ ဆက်တိုက်ပစ်ဖောက်ပြီး၊ အော်ဟစ်ဆဲဆိုတာ တွေလည်း ကြားရတယ်" လို့ ကုန်းတလဘောင်ကျေးရွာနေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဧည့်စာရင်းစစ်ရာမှာ  ရွှေစေတီ (၂) လမ်းရှိ အဆောင်တစ်ခုမှ  ပြည်သူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့အား သံသယရှိတယ်ဆိုကာ ဖမ်းဆီးသွားခဲ့ပြီး အမျိုးသမီးကို ​ပြန်လွှတ်​ပေးခဲ့တယ်လို့ မင်္ဂလာဒုံအမျိုးသားအစည်းအရုံးက ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။

3 weeks Ago
More News
Up