ဥရောပချန်ပီယံလိဂ်

April 23, 2020

ကလပ်အဆင့်သတ်မှတ်ချက်ဖြင့်ဆုံးဖြတ်ပါက  အာဆင်နယ်နှင့် အက်သလက်တီကိုတို့ ချန်ပီယံလိဂ် ဝင်ခွင့်ရမည်

ဥရောပချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကလပ်အဆင့်သတ်မှတ်ချက်နဲ့ ဆုံးဖြတ်မယ်ဆိုရင် အာဆင်နယ်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က အကြီးမားဆုံးအောင်မြင်မှု ဖြစ်လာနိုင်ပါတယ်။ ဥရောပလိဂ်ပြိုင်ပွဲတွေက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့်ရပ်နားထားရပြီး ပြန်လည်  ကျင်းပနိုင်ခြင်း မရှိခဲ့ဘူးဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဆုံးဖြတ်ရာမှာ ကလပ်အသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်နဲ့ ဝင်ခွင့်ပေးဖို့ ရှိနေ ပါတယ်။  နယ်သာလန်နဲ့ဘယ်လ်ဂျီယံလိဂ်တွေက ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အခုနှစ်ရာသီကို အပြီး ဖျက်သိမ်းလိုက်ပြီး အဲဒီလိဂ်တွေမှာ ဘယ်အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရမလဲဆိုတာ ဆွေးနွေးရဦးမှာပါ။  ကလပ်အဆင့်သတ်မှတ်ချက်နဲ့ ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ဆုံးဖြတ်မယ်ဆိုရင် ပရီးမီးယာလိဂ် အဆင့် ၉ ရောက်နေတဲ့ အာဆင်နယ်က ဝင်ခွင့်ရမှာဖြစ်သလို အဆင့် ၅ ရောက်နေတဲ့ မန်ယူ အသင်းလည်း ဝင်ခွင့်ရမှာပါ။  အဲဒီလိုပဲ စပိန်လာလီဂါမှာ အဆင့် ၆ ရောက်နေတဲ့ အက်သလက်တီကို၊အီတလီစီးရီးအေမှာ အဆင့် ၅ နဲ့ ၆ နေရာရောက်နေတဲ့ ရိုးမားနဲ့နာပိုလီအသင်းတွေက ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။ ဒီအချက်ကို ကြာသာပတေးနေ့မှာ  ကျင်းပမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်အစည်းအဝေးမှာ ဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။
1 year Ago

March 1, 2020

စိတ်ပျက်နေသည့် ရီးရဲလ်ပရိသတ်များကို နားလည်ကြောင်း နည်းပြဇီဒန်း ဖွင့်ဟ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရလဒ်အပေါ်မှာ စိတ်ပျက်နေကြတဲ့ ပရိသတ်တွေရဲ့သဘောထားကို နားလည်တယ်လို့ အသင်းနည်းပြဇီဒန်းက ပြောပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါမှာ ဘာစီလိုနာအသင်း နဲ့ ၂ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။  ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဒုတိယအကျော့မှာ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။  အိမ်ကွင်းဘာနေဗျူးမှာ အနိုင်မရခဲ့တာဟာ ၃ ပွဲဆက်တိုက် ရှိနေပြီဖြစ်လို့ ပရိသတ်တွေရဲ့ စိတ်ပျက်မူကို နားလည်တယ်လို့ ဇီဒန်းကပြောပါတယ်။  ပရိသတ်တွေရဲ့ အားပေးမူကလည်း အသင်းအတွက် လိုအပ်ပြီး နောက်ဆုံးအချိန်အထိ ပရိသတ်တွေအတွက် အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်တနင်္လာနေ့ မနက်ပိုင်းမှာ ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိပါတယ်။
1 year Ago
More News
Up