ဥရောပ

January 31, 2021

၂၀၂၁ ခုတွင် ဥရောပ၏ ဆင်းရဲမှု ကိန်းဂဏန်း ထိပ်ဆုံးရောက်လာနိုင်ဟု သတိပေး

ဥရောပရဲ့ ဆင်းရဲမှု ကိန်းဂဏန်းဟာ ၂၀၂၁ ခုမှာ ထိပ်ဆုံးထိ ရောက်လာနိုင်တယ်လို့ ဆင်းရဲမွဲတေမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အိုလီဗီယာဒေ ရှော့တာက သတိပေးလိုက်ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ လူ ၉၂ သန်းဟာ ဆင်းဆင်းရဲရဲ နေရတယ်လို့ သူက ပြောကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ 

 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဟာ မညီမျှမှုတွေကို တိုးစေပြီး နောက်ထပ်လည်း အများကြီး ထပ်တိုးစေနိုင်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြောပါတယ်။

၂၀၀၈ ကနေ ၂၀၂၀ ကြားမှာ မညီမျှမှု ကိန်းဂဏန်းက အပြောင်းအလဲ မရှိသလောက်ပဲ။ ဒါကြောင့် ကျနော်တို့ အလုပ်အကိုင်တွေ ဖန်တီးခဲ့ပေမယ့် မညီမျှမှုက သိသိသာသာ လျော့မသွားဘူး။” 

 ဥရောပသမဂ္ဂနိုင်ငံသား ၂၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုဒဏ်ကို သက်ရောက် ခံနေရပြီး ၂၀၀၈ စီးပွားရေး အကြပ်အတည်း နှောင်းပိုင်းမှာ မညီမျှမှု အဆင့်တွေက တိုးတက်မလာဘူးလို့ ဆိုပါတယ်။

 အလုပ်အကိုင် ရှိပေမယ့် လုပ်ခလစာ နည်းလွန်းလို့ ဆင်းရဲမယ့်ဘေးကို ရင်ဆိုင်နေရတဲ့ အလုပ်သမား အရေအတွက် တိုးလာနေပြီး အလုပ်သမား သန်း ၂၀၊ လုပ်သားအရေအတွက် အားလုံးရဲ့ ၉ ရာခိုင်နှုန်းဟာ ဆင်းဆင်းရဲရဲ အလုပ်လုပ်ရင်း အလွန်အမင်း ခက်ခဲကြပ်တည်းနေတယ်လို့ သူက ပြောပါတယ်။၏

ဒေရှော့တာဟာ သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာကို ၂၀၂၁ ဇွန်လမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြမယ်လို့ သိရပါတယ်။

5 months Ago

November 9, 2020

ကေပေါ့ BTS အဖွဲ့ ဥရောပ MTV ဆု ၄ ဆုရ

"Dynamite" သီချင်းအတွက် အကောင်းဆုံး သီချင်းဆုနဲ့ အကောင်းဆုံး ဂီတအဖွဲ့အပါအဝင်  နာမည်ကျော်ကေပေါ့ BTS အဖွဲ့ဟာ ဥရောပ MTV  ဂီတထူးချွန်ဆု ၄ ဆုကို နိုဝင်ဘာ ၈ ရက်က  ဆွတ်ခူးလိုက်ပါတယ်။  BTS အဖွဲ့ရဲ့ ပထမဆုံး အင်္ဂလိပ်လို သီဆိုထားတဲ့ "Dynamite" သီချင်းဟာ ပထမ သီတင်းပတ်မှာတင်  အွန်လိုင်း ကြည့်ရှုသူ  ၃၄ သန်းနဲ့ အယ်ဘမ် ၃ သိန်း ရောင်းချခဲ့ရပါတယ်။ နောက်ပြီး အမေရိကရဲ့ နာမည်ကျော် သီချင်းပုဒ်ရေ ၁၀၀ မှာ  BTS က ထိပ်ဆုံးနေရာ ရောက်ရှိခဲ့ပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သူတို့ရဲ့ ဆုပေးပွဲကို  ပရိသတ်မရှိ၊ အခမ်းအနားမရှိ လုပ်ခဲ့ရ ပေမဲ့ အဖွဲ့ဝင် ၇ ယောက်ပါ BTS ဟာ  သူတို့ရဲ့ အွန်လိုင်း ဖျော်ဖြေတင်ဆက်မှေအတွက်လည်း ဆုချီးမြှင့်ခံရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။   
8 months Ago
More News
Up