ဥပဒေနှင့်မညီဘဲ

November 19, 2017

ဥပဒေနှင့်မညီဘဲ သမ္မတထရမ့် အမိန့်ပေးပါက အတိုက်ခံလုပ်မည်ဟု ဗိုလ်ချုပ်ကြီးပြော

သမ္မတ ထရမ့်က  ဥပဒေနဲ့မညီဘဲ  နျူကလီးယားလက်နက်နဲ့ စစ်တိုက်ဖို့ အမိန့်ပေးပါက အတိုက်အခံလုပ်သွားမယ်လို့ အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ဟိုင်တန်က ပြောကြား ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဂျွန်ဟိုင်တန်ဟာ အမေရိကန် စစ်ဘက် မဟာဗျူဟာ ကွပ်ကပ်ရေးမှူးတဦး ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့က ကနေဒါနိုင်ငံ နိုဗာစကိုးရှားမြို့မှာ ပြုလုပ်တဲ့ “ဟယ်လီဖက်စ်” နိုင်ငံတကာ လုံခြုံရေးဖိုရမ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ခင်ဗျားအနေနဲ့ ဥပဒေနဲ့မညီတဲ့ အမိန့်ကို ပေးရင် ထောင်ကျမှာပဲ။ တစ်သက်လုံး ထောင်နန်းစံရလိမ့်မယ်။ နူကလီးယားလက်နက်အပိုင်း၊ လက်နက်ငယ်အပိုင်း၊ နည်းဗျူဟာပိုင်း အားလုံးမှာပါပဲ။ ကျနော်က သမ္မတကို အကြံဉာဏ်ပေးတယ်။ သမ္မတက ကျနော့်ကို ဘာလုပ်ရမယ်ဆိုတာ ပြောမှာပါ။ ဖြစ်လာမယ့်အရာက ဥပဒေနဲ့ မညီဘူးဆိုရင် ဥပဒေနဲ့ မညီကြောင်း သမ္မတကို ကျနော်ပြောမှာပါ။ သူဘာပြောမလဲ။ ဘယ်လိုလုပ်ရင် ဥပဒေနဲ့ညီမလဲ ဆိုပြီးမေးမယ်။ ပြီးရင် အခြေအနေကို တုံ့ပြန်ဖို့ လုပ်နိုင်တာတွေထဲက တခုကို ကျနော်တို့ ရွေးချယ်မှာပါ။ အဲဒီအတိုင်း သွားနေကြပါ။” လို့ လေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ဟိုင်တန်က ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဟိုင်တန်ရဲ့ ဝေဖန်ချက်နဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) က ချက်ချင်းတုံ့ပြန်ပြောကြားတာမရှိပါဘူး။ သမ္မတ ထရမ့်ရဲ့ စစ်တိုက်မိန့် အခွင့်အာဏာနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ခဲ့ပြီးနောက်ပိုင်းမှာ အခုလို ဝေဖန်ချက် ပေါ်ထွက်လာတာဖြစ်တယ်လို့ သိရပါတယ်။
4 years Ago

March 19, 2017

ဥပဒေနှင့်မညီဘဲ နိုင်ငံသားကတ်ထုတ်ပေးနေမှု ရခိုင်ပြည်နယ်အနှံ့ ဆန္ဒပြ

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ နိုင်ငံသားကတ်ထုတ်ပေးနေတဲ့ အပေါ် ရခိုင်ပြည်နယ်မြို့နယ်အချို့မှာ ဒီကနေ့ မွန်းလွဲပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ တစုံတရာစိစစ်ဆောင်ရွက်ခြင်းမရှိဘဲ ဘင်္ဂါလီတွေကို နိုင်ငံသားကတ် ထုတ်ပေးနေမှုအပေါ် အခုလို စုပေါင်းဆန္ဒထုတ်ဖော်ရတာလို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်သူ ဦးအောင်ဌေးက ဒီဗွီဘီကိုပြောပါတယ်။ “၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေအရ တိကျခိုင်မာမှုမရှိဘဲနဲ့ စိစစ်ဆောင်ရွက်တာမလုပ်ဘဲနဲ့ ဘင်္ဂလီတွေကို နိုင်ငံသားအသိပြုကတ် ထုတ်ပေးလိုက်တယ်။ လောလောဆယ်ကတော့ ဒီ ၂၇ ရက်နေ့ ၂ လပိုင်းကနောက်တော့ ဒေသကထုတ်ပြန်တဲ့ သတင်းအရ ၅၃ ဦးရှိတယ်။ နောက်ပြီး နောက်ထပ်အယောက်၂၀၀ ထုတ်ပေးမယ့် အစီအစဉ်တွေလည်း ရှိတယ်လို့ တိကျခိုင်မာတဲ့ သတင်းရထားပါတယ်။ ဒါတွေက လုံးဝမဖြစ်သင့်ဘူး။ ဒါကြောင့်ကန့်ကွက်ဆန္ဒထုတ်ဖော်တာပါ။” စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်သန်းဝေက “အခုနိုင်ငံသားကတ် ထုတ်ပေးနေမှု ပွင့်လင်းမြင်သာမှုမရှိဘူး။ ဦးဝင်းလွင်ကိုယ်တိုင် နိုင်ငံသား မိဘမဟုတ်တဲ့ ဘင်္ဂါလီတွေကို ကတ်ထုတ်ပေး ခဲ့တယ်။ ဒါကိုတရားလိုလုပ်ပြီးတော့  ကျနော်ကိုယ်တိုင် တရားစွဲဆိုခဲ့တယ်။ ဒါပေမယ့် အရေးမှု တစုံတရာမရှိဘူး။”လို့ပြောပါတယ်။ ဥပဒေချိုးဖောက်သူများအား တရားစွဲဆိုရေး၊ ပြည်နယ်လဝက ဦးဝင်းလွင်ကိုချက်ချင်းဖမ်း၊ တရားမဝင်ထုတ်ပေး ကတ်များကို ပြန်သိမ်းပေး၊ ကတ်လိမ်ရယူထားသူ အရေးယူ၊ နိုင်ငံသားကတ်စိစစ်ရေးကော်မတီတွင် ဒေသခံ ကိုယ်စားလှယ်တွေထည့်ပေးရေး၊ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအတိုင်းစိစစ်ရေး၊ ရခိုင်လူမျိုး တည်တံ့ရေး စတဲ့ကြွေကြော်သံတွေနဲ့ ပိုစတာဗွီနှိုင်း၊ ဆိုင်းဘုတ်တွေကိုင်ပြီး မြို့တွင်း လှည့်လည်ကန့် ကွက်ဆန္ဒဖော်ထုတ်ဖော်ခဲ့ကြပါတယ်။ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့တွေက စစ်တွေမြို့ကိုလာရောက်ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ခဲ့ကြ သလို ရခိုင်ပြည်နယ်မြို့အချို့မှာလဲ ဒီကနေ့တပြိုင်နက်ဆန္ဒပြခဲ့ကြပါတယ်။ သတင်း၊ဝဏ္ဏခွာညို-ဓာတ်ပုံ-ဒီဗွီဘီ
4 years Ago
Up