ဥက္ကာပျံ

June 26, 2020

သြစတြေးလျ ကောင်းကင်ယံက အစိမ်းရောင်ဥက္ကာပျံ (ရုပ်သံ)

အနောက်သြစတြေးလျ ကောင်းကင်ယံမှာ အစိမ်းရောင်တောက်တောက် တောက်ပနေတဲ့ ဥက္ကာပျံတစ်ခုကို ဇွန် ၁၅ ရက်က မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။  ဒီဖြစ်စဉ်ကို အနောက်သြစတြေးလျ ကိတ်ပရက်စတန်ကောင်းကင်ယံမှာ မြင်တွေ့ခဲ့ရတာပါ။ ဒီဗွီဒီယိုဖိုင်မှာ အစိမ်းရောင်ဥက္ကာပျံဟာ  ကောင်းကင်ယံတစ်လျှောက်ရွေ့လျားနေခဲ့ပြီးတော့ နောက်ဆုံးမှာ ပေါက်ကွဲသွားတာ တွေ့ရပါတယ်။  ဒီပေါက်ကွဲမှုကြောင့် ပျက်စီးမှုတစုံတရာရှိတယ်လို့တော့ အခုထိမသိရသေးပါဘူး။  ဓာတုပစ္စည်းပါဝင်မှုအပေါ် မူတည်ပြီးတော့ ဥက္ကာပျံတွေဟာ အရောင်ကွဲပြားတတ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ 
11 months Ago

February 24, 2020

မလေးရှားကောင်းကင်တွင် ဥက္ကာပျံဟု ယူဆရသည့်အရာတခု ဖြတ်သန်း (ရုပ်သံ)

မလေးရှားနိုင်ငံမှာ ဥက္ကာပျံလို့ ယူဆရတဲ့ အရာတခုဖြတ်သွားတာကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်တခု ထွက်ပေါ်လာပါတယ်။ ဥက္ကာပျံလို့ ယူဆရတဲ့အရာ ဖြတ်သွားခဲ့တာကြောင့် ညဘက်ကောင်းကင်ယံမှာ လင်းထိန်သွားခဲ့တဲ့တာကို ကားမှာတပ်ဆင်ထားတဲ့ ကင်မရာကနေတဆင့် ရိုက်ကူးမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။  ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံ ဂျိုဟော်ဘာရူး အဝေးပြေးလမ်းတခုပေါ်ကနေ တဆင့်မှတ်တမ်းတင်လိုက်နိုင်တာပါ။  ဂျိုဟော်မှာမြင်တွေ့ခဲ့ရတဲ့ ပုံမှန်ထက်ပိုမိုတောက်ပနေတဲ့ မီးလုံးကြီးတလုံးနဲ့ ပတ်သက်တဲ့ သတင်းပေးမှု ခုနှစ်ခုကို ရရှိခဲ့တယ်လို့လည်း ဥက္ကာပျံဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း(IMO)က သူတို့ရဲ့ ဝဘ်ဆိုဒ်မှာရေးသားထားပါတယ်။
1 year Ago
Up