အွန်လိုင်းတင်ဆက်မှု

April 22, 2021

မုံရွာဂေဇက် အွန်လိုင်းတင်ဆက်မှု ရပ်နားကြောင်း ကြေညာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် ‌သတင်းဌာနတစ်ခုဖြစ်တဲ့ မုံရွာဂေဇက်သတင်းဌာနကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ဧပြီ ၂၁ ရက်နေ့က စာဖတ်ပရိသတ်တွေကို အသိပေးကြေညာလိုက်ပါတယ်။ 

မုံရွာဂေဇက်သတင်းဌာနဟာ အပတ်စဉ်ဂျာနယ်ထုတ်ဝေခဲ့တာဖြစ်ပြီး စစ်ကောင်စီက အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ကာ ရပ်နားခဲ့တာဖြစ်ပြီး အွန်လိုင်းကနေပဲ သတင်းတွေကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အွန်လိုင်းသတင်းတင်ဆက်မှုတွေကိုပါ ဧပြီလ ၂၁ ရက်နေ့က စတင်ကာ ရပ်နားလိုက်ပြီလို့ ထပ်မံကြေညာခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီက အာဏာစသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးရှိ သတင်းစာ၊ ဂျာနယ်တွေ တော်တော်များများ ရပ်ဆိုင်းခဲ့ရသလို DVB၊ Mizzima, Myanmar Now, 7 Day၊ ရန်ကုန်ခေတ်သစ် စတဲ့ သတင်းဌာနတွေကိုလည်း စစ်ကောင်စီက ထုတ်လွှင့်ခွင့် ပိတ်သိမ်းခဲ့ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးခံရတဲ့ သတင်းထောက် ၈၀ ဝန်းကျင်ရှိနေပြီး ရာနဲ့ချီတဲ့ သတင်းထောက်တွေလည်း နေအိမ်ကနေ တိမ်းရှောင်နေကြရပါတယ်။ 

နယ်မြို့တွေမှာ အခြေစိုက်တဲ့ သတင်းဌာနတွေကိုလည်း ဝင်ရောက်စီးနင်းရှာဖွေ သိမ်းဆည်းတာတွေလည်းရှိပြီး  အခုလ အစောပိုင်းကလည်း မုံရွာ‌မြို့အခြေစိုက် မျက်မှောက်ခေတ် အွန်လိုင်းသတင်းဌာနရုံးခန်းကို ‌စစ်ကောင်စီအကြမ်းဖက်အဖွဲ့တွေက အင်အားအများအပြားနဲ့ ဖောက်ထွင်းဝင်ရောက်ရှာဖွေ သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ မုံရွာမြို့က သတင်းထောက်တွေလည်း အမှုဖွင့်ခံရတာတွေ ရှိနေကြပါတယ်။

2 months Ago
Up