အွန်လိုင်း

March 14, 2019

အစိုးရကို အွန်လိုင်းပေါ်မှ ဝေဖန်လျှင် ဒဏ်ရိုက်မည့် ဥပဒေကြမ်း ရုရှားလွှတ်တော် အတည်ပြု

ရုရှားနိုင်ငံမှာ အွန်လိုင်းပေါ်ကနေ အစိုးရကို ဝေဖန်ရင် ဒါမှမဟုတ် သတင်းမှားတွေ ဖြန့်ဝေရင် ဒဏ်ရိုက်မယ့် ဥပဒေကြမ်းတခုကို ရုရှားအထက်လွှတ်တော်က မတ်လ ၁၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြုလိုက်တာက အတိုက်အခံတွေအပေါ် တိုက်ရိုက်ကန့်သတ်ဖို့ လမ်းပွင့်သွားနိုင်တယ်လို့ ဝေဖန်သူတွေက သတိပေးခဲ့ပါတယ်။ မြို့တော် မော်စကိုမှာ ပြီးခဲ့တဲ့ရက်တွေမှာ ထောင်ချီတဲ့လူတွေက စုဝေးပြီး အဲဒီဥပဒေကြမ်းကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒါပေမယ့် မတ်လ ၁၃ ရက်နေ့မှာ ရုရှား အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် တရားဝင်ဥပဒေအဖြစ် ပြဋ္ဌာန်းဖို့ သမ္မတ ဗလာဒီမာပူတင် လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။ ဥပဒေကြမ်းမှာပါတဲ့ အဆိုပြုချက်တခုအရ အွန်လိုင်းပေါ်မှာ အစိုးရ၊ အာဏာပိုင်တွေနဲ့ ပြည်သူတွေကို ဝေဖန်တာအပြင် နိုင်ငံတော်အလံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပုတ်ခတ် ရေးသားပြောဆိုရင် အမေရိကန်ဒေါ်လာ တထောင့်ငါးရာကျော်အထိ ဒဏ်ငွေရိုက်ဖို့ သတ်မှတ်ထားပါတယ်။ ဒုတိယအကြိမ် ပြစ်မှုကျူးလွန်သူတွေအနေနဲ့ ထောင်ဒဏ် ၁၅ ရက်အထိ ကျခံရနိုင်ပါတယ်။ ဒါ့အပြင် အများပြည်သူလူထု မတည်မငြိမ် ဖြစ်စေတဲ့အထိ အွန်လိုင်းပေါ်မှာ သတင်းမှားတွေ ဖြန့်ဝေမယ်ဆိုရင် အမေရိကန်ဒေါ်လာ ခြောက်ထောင့်တရာအထိ ဒဏ်ငွေပေးဆောင် ရနိုင်ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းသမားတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အယောက် ၁၀၀ ကျော်ပါတဲ့ အဖွဲ့တဖွဲ့နဲ့ ရုရှား လူ့အခွင့်အရေးကောင်စီတို့က အဲဒီဥပဒေကြမ်းကို ပယ်ချဖို့ အထက်လွှတ်တော်ကို မတ်လ ၁၂ ရက်နေ့က တောင်းဆိုခဲ့ကြပါသေးတယ်။ အဲဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အပြင် တိုက်ရိုက် ဆင်ဆာပိတ်ဖို့ တည်ထောင်လိုက်တယ်ဆိုတာကို ဗြောင်ကျကျ ကြေညာလိုက်တာနဲ့ တူတယ်လို့ ထင်ရှားတဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရပုဂ္ဂိုလ်တွေက အိတ်ဖွင့်ပေးစာတစောင် ပေးခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းဟာ ဆင်ဆာပိတ်တာနဲ့ မသက်ဆိုင်ဘူးလို့ ရုရှားအစိုးရက ပြန်ငြင်းခဲ့ပါတယ်။
2 years Ago

April 12, 2018

အွန်လိုင်းလိင်မှောင်ခိုကူးမှု တိုက်ဖျက်ရေးအက်ဥပဒေ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

အွန်လိုင်းပေါ်မှတဆင့် လိင်မှောင်ခိုကူးတဲ့ အင်တာနက်ပေ့ခ်ျပိုင်ရှင်တွေကို အရေးယူနိုင် မယ့် အွန်လိုင်းလိင်မှောင်ခိုကူးမှု တိုက်ဖျက်ရေးအက်ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်က ဧပြီ ၁၁ ရက်နေ့မှာ လက်မှတ်ထိုးလိုက်ပါတယ်။ ဒီဥပဒေအရ လိင်ကုန်ကူးခံရသူတွေအနေနဲ့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေ၊ ကြော်ငြာတွေကတဆင့် လိင်အမြတ်ထုတ်ခံထားရတဲ့ အရေးကိစ္စတွေမှာ သက်ဆိုင်သူတွေကို တရားစွဲနိုင်စေဖို့ အစိုးရရှေ့နေတွေက ကူညီပေးသွားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လိင်ကုန်ကူးခံရသူတွေအနေနဲ့ အဲဒီအင်တာနက်စာမျက်နှာတွေကိုတော့ တိတိ ကျကျဖော်ပြတိုင်ကြားဖို့ လိုမယ်လို့ ဆိုပါတယ်။ သမ္မတထရမ့်ကတော့ ဒီဥပဒေဟာ အမေရိကန်နိုင်ငံတ၀ှမ်းက လူမှုအသိုက်အ ၀န်းအားလုံးကို ဘေးကင်းလုံခြုံစေတယ်ဆိုတဲ့ မျှော်လင့်ချက်ရယူပေးနိုင်မှာဖြစ်သလို ဘုရားသခင်ရဲ့ ကလေးတွေအားလုံးရဲ့ ဂုဏ်သိက္ခာကို လေးစားမယ့် ယဉ်ကျေးမှုတရပ်ကိုလည်း ဖန်တီးနိုင်မယ်လို့ ပြောလိုက်ပါတယ်။
3 years Ago
Up