အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ၁ ဦးကိုသတ်၍ ဆိုင်ကယ်နှင့်ဖုန်းလုယက်မှုဖြစ်ပွား

May 29, 2019

အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ၁ ဦးကိုသတ်၍ ဆိုင်ကယ်နှင့်ဖုန်းလုယက်မှုဖြစ်ပွား

ပဲခူးတိုင်း​၊ ​တောင်​ငူမြို့နယ်​၊ ဇီးပင်​သာအမြန်​လမ်းရဲစခန်းအပိုင်​ မိုင်​တိုင်​အမှတ်​ ၁၅၂/၃ အနီးမှာရှိတဲ့ ရွာသစ်​ရဲကင်းမှာ တာဝန်ကျနေတဲ့ အမြန်​လမ်းရဲတပ်​သားတဦးကို သတ်​ပြီး ဆိုင်​ကယ်​နဲ့ဖုန်းကို လုယူသွားမှု ဒီကနေ့ ဖြစ်​ပွားခဲ့ပါတယ်​။ ရဲတပ်​သား  အောင်​စိုး​ဝေဟာ ဒီက​နေ့မနက်​ အ​စောပိုင်းက လည်​ပင်းပြတ်​ရှဒဏ်​ရာနဲ့​ သေဆုံး​နေပြီး ​သေဆုံးသူရဲ့ ဆိုင်​ကယ်​နဲ့ ဖုန်းပါ​ပျောက်​ဆုံး​နေတာလို့ နေပူကုန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးစိန်​မြင့်က ပြောပါတယ်။ “မနက် ​၆ နာရီခွဲ​လောက်​အိပ်​ရာကထ​တော့ စက်​မှုဇုန်​ဆိုက်​ထဲက အလုပ်​သမား​လေးက ရဲတ​ယောက်​​သေဆုံး​နေတယ်​ဆိုပြီး ဖုန်းဆက်​အ​ကြောင်းကြားတာ​ကြောင့် ဇီးပင်​သာရဲစခန်းနဲ့ ကျွန်းကုန်းရဲစခန်းကို လှမ်းအ​ကြောင်းကြားလိုက်​တာ” ရဲတပ်​သား​အောင်​စိုး​ဝေဟာ ဓားနဲ့အခုတ်​ခံခဲ့ရတာ​ကြောင့် ဝဲဘက်​လည်​ပင်း ​လေးလက်မ ခန့်​ ပြတ်​ရှဒဏ်​ရာရရှိခဲ့ပြီး အခင်းဖြစ်​​နေရာမှာဘဲ ​သေဆုံးသွားခဲ့ပါတယ်​။ အခုလို အမြန်​လမ်းရဲတပ်​ဖွဲ့ဝင်​တ​ဦးကိုေ​သဆုံး​အောင်ဓားနဲ့ခုတ်​ပြီး ပစ္စည်းလုယူသွားတဲ့ အတွက်​ ဇီးပင်​သာအမြန်​လမ်းမကြီးရဲစခန်းက ရာဇသတ်​ကြီး ပုဒ်​မ-၃၀၂၊ ၃၉၄ တို့နဲ့ အမှုဖွင့်ထားပြီး တရားခံကိုအမြန်​ဆုံး ဖမ်းဆီးရမိ​ဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေပါတယ်​။ သတင်း- သားကြီး(​တောင်​ငူ)
2 years Ago
Up