အဲရစ်ဒိုင်ယာ

April 24, 2020

ပွဲကြည့်စင်ပေါ်တက်ကာ ရန်ပြုခဲ့သည့်  စပါးကွင်းလယ်လူကို အရေးယူမည်

နော့ဝှစ်ချ်နဲ့ပွဲအပြီးမှာ ပွဲကြည့်စင်ထဲအထိ ခုန်ဝင်ပြီး ပြဿနာရှာခဲ့တဲ့ စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာကို  အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က  အရေးယူတော့မှာဖြစ်ပါတယ်။  စပါးအသင်းက နော့ဝှစ်ချ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ အက်ဖ်အေဖလား ပွဲစဉ်အပြီးမှာ ဒိုင်ယာက အသင်းပွဲကြည့်စင်ပေါ်အထိတက်ပြီး ပရိသတ်တဦးကို ရန်ပြုဖို့ ကြိုးပမ်းခဲ့တာပါ။  ဒီဖြစ်ရပ်ဟာ မတ်လ ၄ရက်က စပါးအသင်းရဲ့အိမ်ကွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒိုင်ယာဘက်က တော့ ပွဲကြည့်စင်မှာရှိနေတဲ့ ပရိသတ်တစ်ဦးနဲ့ စကားများနေတဲ့ သူ့ရဲ့အစ်ကို ကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။  အင်္ဂလန်အက်ဖ်အေကတော့ ဒိုင်ယာဟာ အက်ဖ်အေရဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာဖြစ်လို့ အရေးယူသွားမှာဖြစ်ပြီး မေလ ၈ ရက်နောက်ဆုံးထား ဖြေရှင်းဖို့ အကြောင်းကြားထားပါတယ်။ 
1 year Ago

March 5, 2020

စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာ ပရိသတ်ကို ရန်မူ (ရုပ်သံ)

နော့ဝစ်ချ်စီးတီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး အက်ဖ်အေဖလားကနေ လက်ပြနှုတ်ဆက်ခဲ့ရတဲ့ စပါးအသင်းဟာ ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာရဲ့ အပြုအမူကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။  အဲရစ်ခ်ဒိုင်ယာဟာ ပွဲအပြီးမှာ ပရိသတ်ဆီကို ပြေးသွားကာ ရန်မူခဲ့ပြီး ပရိသတ်ထဲမှာရှိတဲ့ ဒိုင်ယာနဲ့ ညီအကိုတော်သူတွေက ဝိုင်းဆွဲပြီး ဖြန်ဖြေပေးခဲ့တာကြောင့် အငြင်းပွားတဲ့ ပြဿနာတွေ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။  ဒီလိုလုပ်ရပ်နဲ့ ပတ်သက်လို့ ဒိုင်ယာကို ပြစ်ဒဏ်သတ်မှတ်မှာ မလိုလားဘူးလို့ နည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
1 year Ago
Up