အဲဗာတန်

December 29, 2020

မန်စီးတီးအသင်းသားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် အဲဗာတန်နှင့်ပွဲစဉ်ကို ရွှေ့ဆိုင်း

မန်စီးတီးအသင်းသားတချို့မှာ  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ထပ်တွေ့တာကြောင့် အဲဗာတန်နဲ့ ကန်မယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ ပါတယ်။  အဲဗာတန်နဲ့ပွဲစဉ်နာရီပိုင်းအလိုရောက်မှ မန်စီးတီးအသင်းမှာ ကိုဗစ်ပိုးထပ်တွေ့ခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ မန်စီးတီးအသင်းမှာ တိုက်စစ်မှူးဂါဘရီယယ်ဂျေးဆူနဲ့ နောက်ခံလူ ဝေါ်ကာတို့က ကိုဗစ်-၁၉ ပိုးတွေ့ရှိထားတာဖြစ်ပြီး တခြားကစားသမားနဲ့ အသင်းဝန်ထမ်းတွေဆီ ရောဂါကူးစက်ခဲ့တာပါ။  ဘယ်သူတွေမှာ ပိုးတွေ့တယ်ဆိုတာမသိရပေမယ့်လည်း ပရီးမီးယားလိဂ်နဲ့ ယူကေ အစိုးရတို့ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ မန်စီးတီးအသင်းက သတင်းထုတ်ပြန်ပါတယ်။ ပရီးမီးယားလိဂ်ဘက်ကလည်း  ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေရဲ့ ကျန်းမာရေးက ဦးစားပေးဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်ကျင်းပဖို့ ယုံကြည်မှုအပြည့်ရှိကြောင်း သတင်းထုတ် ပြန်ခဲ့ပါတယ်။  အခုလအစောပိုင်းက နယူးကာဆယ်နဲ့ ဗီလာပွဲကိုလည်း နယူးကာဆယ်အသင်းမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ပွဲရွှေ့ခဲ့ရပါတယ်။ 
5 months Ago

November 8, 2020

အဲဗာတန်ကို အနိုင်ရခဲ့သော်လည်း  ပွဲစဉ်ဇယားအပေါ် မန်ယူနည်းပြဆိုးလ်ရှား ဝေဖန်

မနေ့ညက ပရီးမီယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပွဲစဉ်ဇယားရေးဆွဲတာနဲ့ပက်သက်ပြီး နည်းပြဆိုးလ်ရှားက ဝေဖန် လိုက်ပါတယ်။  ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဖာနန်ဒက်စ်ကိုလည်း  ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့ပြီး နိုင်ပွဲဆာလောင်စိတ်ပြင်းထန်ခဲ့သလို တခြားအသင်းသားတွေဟာလည်း ခြေစွမ်းပြခဲ့ကြတယ်လို့ ဆိုးလ်ရှားကချီးကျူးခဲ့ပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကို ဖာနန်ဒတ်စ်က ၂ ဂိုးသွင်းယူပေးခဲ့သလို ပီအက်စ်ဂျီအသင်းကနေ ပြောင်းလာတဲ့ ကာဗာနီကလည်း မန်ယူအတွင်း သူ့ရဲ့ ပထမဆုံး သွင်းဂိုး  ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။  မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အနေနဲ့ နိုဝင်ဘာ ၅ ရက်က တူရကီမှာ အစ္စတန် ဘူလ်ဘာဆက်ဆီဟာနဲ့ ကစားခဲ့ရပြီး တစ်ရက်ခန့်သာ နားရက်ရခဲ့တာပါ။  နိုဝင်ဘာ ၇ ရက် စနေနေ့ရဲ့ အစောဆုံးပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့အပေါ်မှာ ပွဲစဉ်ဇယားပြောင်းလဲပေးဖို့ လွန်ခဲ့တဲ့တစ်လကတည်းက ပရီးမီးယားလိဂ်ကို တင်ပြခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ ဆိုးလ်ရှားကပြောပါတယ်။  မန်ယူနိုက်တက် ကစားသမားတွေဟာ ပွဲစဉ်ဇယားနဲ့အတူ ရှုံးနိမ့်သွားဖို့  စီစဉ်ခံခဲ့ရတယ်လို့လည်း ဆိုးလ်ရှားက ဝေဖန်ခဲ့ပါတယ်။
6 months Ago
More News
Up