အခြေခံပညာကျောင်းများတွင်

November 19, 2018

အခြေခံပညာကျောင်းများတွင် ရေအိမ်သာ ရာနှုန်းပြည့် အသုံးမပြုနိုင်သေး

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းတွေမှာ ရေအိမ်သာလုံလောက်မှု ရာနှုန်းပြည့်မီအောင် ဆောင်ရွက်နေပေမယ့် လက်ရှိမှာ ၆၅ ရာခိုင်နှုန်းသာ ပြည့်မှီသေးတယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသွားတာပါ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ကမ္ဘာ့ပေါ်က လူဦးရေ ၄ ဒသမ ၅ ဘီလီယံလောက်ဟာ ရေအိမ်သုံးစွဲနိုင်မှုမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ နဲ့ ယင်လုံအိမ်သာ အသုံးပြုတဲ့ အိမ်ထောင်စုလူဦးရေဟာ ၇၂ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံကတော့ ရေအိမ်သာသုံးစွဲဖို့ လိုအပ်နေတယ်လို့လဲ သိရပါတယ်။ လက်ရှိ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၅၀ ဦးမှာ အိမ်သာ ၁လုံးနှုန်းသာ သုံးစွဲနေရတယ်လို့ ဆိုပါတယ်။ ဒီနှစ် ကျင်းပတဲ့ ကမ္ဘာ့ရေအိမ်များနေ့ ဆောင်ပုဒ်ကတော့ ‘သဘာဝတရားလှပဖို့ ရေအိမ်သာ ဆောက်လုပ်သုံးကြပါစို့’ ပဲ ဖြစ်ပါတယ်။
3 years Ago

March 8, 2017

အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ စတင်ဖြေဆို (ဓာတ်ပုံ)

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို နိုင်ငံတဝန်းက အခြေခံပညာကျောင်းတွေမှာ ဒီကနေ့မနက် စတင်ဖြေဆိုနေရာ မန္တလေးမြို့က အထက်တန်းကျောင်း တကျောင်းရှေ့ စောင့်ဆိုင်းနေကြတဲ့ ကျောင်းသူကျောင်းသားများနဲ့ မိဘများမြင်ကွင်း။
4 years Ago
Up