အော်လန်ဒို

June 7, 2020

ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ကို လေဆင်နှာမောင်း တိုက်ခတ်

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့လယ်ကို ဇွန်လ ၆ ရက်က လေဆင်နှာမောင်းတခု ဖြတ်တိုက်သွားခဲ့ပါတယ်။  ဒါဟာ အမေရိကန်အမျိုးသားမိုးလေဝသဌာနက လေဆင်နှာမောင်း သတိပေးချက်တွေ အတော်များများ ထုတ်ပြန်ထားချိန်မှာ ဖြစ်လာတာပါ။  ရိုက်တာက ရရှိတဲ့ ဗွီဒီယိုဖိုင်ထဲမှာ လေဆင်နှာမောင်းဟာ ကားလမ်းပေါ်ဖြတ်သွားပါတယ်။  ဒေသခံမီဒီယာတွေနဲ့ရဲတပ်ဖွဲ့ အဆိုအရလည်း ဓာတ်အားလိုင်းတွေ ပျက်စီးတာနဲ့ တခြား ထိခိုက်ပျက်စီးမှုတွေ ရှိပါတယ်။  ဇွန်လ ၆ ရက်မှာ ဖလော်ရီဒါပြည်နယ်အလယ်ပိုင်းမှာ လေဆင်နှာမောင်း ခြောက်ခု အနည်းဆုံး  ကြုံတွေ့ရမယ်လို့ မိုးလေဝသဌာနက သတိပေးချက် ထုတ်ထားပါတယ်။  လေဆင်နှာမောင်းတွေဟာ အပူပိုင်းမုန်တိုင်း ခရစ်စတိုဘယ်နဲ့တွဲလျက် ဖြစ်ပေါ်လာပြီး မုန်တိုင်းဟာ မက္ကဆီကို ပင်လယ်ကွေ့ မှာ အခြေပြုနေပါတယ်။ ဖလော်ရီဒါကို ဝင်ရောက်ဖို့ မရှိပေမဲ့ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြီးတာတွေ ဖြစ်နိုင်တယ် လို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
11 months Ago
Up