အောင်ပန်းကျေးရွာ

May 4, 2021

ရေစကြိုမြို့နယ်၌ သပိတ်ခေါင်းဆောင် ၁ ဦး၏ နေအိမ်ကို ရဲနှင့်စစ်တပ်က ဝင်ရောက်ပြီး ဆိုင်ကယ်မီးရှို့၊ ငွေကျပ် ၅သိန်းယူသွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်ပန်းကျေးရွာမှာ မေလ ၃ ရက် မနေ့ ညက ဒေသခံ သပိတ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်မွှေနှောက်ပြီး ငွေကျပ် ၅ သိန်း ယူဆောင်သွားတယ်လို့  ရွာသားတွေထံက သိရပါတယ်။

ရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ညသပိတ် ပြုလုပ်တာကို ဒလန်တွေက သတင်းပေးလို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲကားနဲ့စစ်ကား ၄ စီးလောက် ရောက်လာပြီးတော့ ည ၁၁ နာရီလောက်မှာ သပိတ်ခေါင်းဆောင်ရဲ့နေအိမ်ကို  မွှေနှောက်ကာ  ဆိုင်ကယ်တစ်စီးကို ရှို့ဖျက်ဆီးခဲ့သလို  ငွေတွေလည်း ယူသွားတာလို့ ရွာသားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ရေစကြိုမြို့နယ်ထဲမှာ မြို့ပေါ်ရပ်ကွက်တွေအပါအဝင်  ကျေးရွာဘက်တွေမှာ အကြမ်းဖက်စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူတွေက နေ့စဉ် နေ့သပိတ်နဲ့ ညသပိတ်တွေ ပြုလုပ်ပြီး နည်းမျိုးစုံနဲ့ တော်လှန်ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

1 month Ago
Up